Gtalk ချစ်သူလေးသို့

ဦးတွတ်ပီက တတူတူနဲ့အော်နေတယ်(ငှက်ဖမ်းနေတယ်)..
ငါကအွန်လိုင်းမှာနင့်ကိုမျှော်နေတယ်…
သူကတခေါခေါနဲ့အိပ်ပျော်နေတယ်

သူကြီးဘစီနှစ်လုံးကပြူးနေတယ် (သေနတ်)
သူ့မျက်လုံးလေးကလဲပြူးနေတယ်..
အဲဒီပြူးပြူးလေးကို ငါကချစ်နေတယ်…

ဗိုက်ကလေးဗိုက်ကပူနေတယ်
သူ့နူတ်ခမ်းလေးကထူနေတယ်
အဲဒီနူတ်ခမ်းထူထူလေးကိုငါကချစ်နေတယ်..

စောတင်မောင်က ဆော်ကျူတယ်
ချစ်သူလေးကဘူဇီတယ်..ငါကကျူချင်တယ်…
ကွန်ပူတာရှေ့မှာ နင့်ကိုမျှော်နေတယ်…

Gtalk icon လေးကရဲနေတယ်
သူကဘူဇီလို့ပြောနေတယ်…
ငါ့သယ်ရင်းတွေနဲ့ပြောရင်း သူ့ Icon ကိုခိုးခိုးကြည့်ပြီး မျှော်နေမိတယ်…

ချစ်သူလေးကလှမ်းခေါ်တယ်..
ငါအရမ်းပျော်တယ်
“ကိုယ်အပြင်သွားရတော့မယ်..တာ့တာ” တဲ့..

ထာဝစဉ်သာမင်းတယောက်ထဲ..ရင်မှာအစဉ်မပြောင်းလဲဘဲ..ကမ္ဘာတည်သရွေ့ချစ်နေမယ်
ငါ့အချစ်တို့ယုံပါကွယ်… :) :) :)

Gtalkက ချစ်ရသူလေးရယ်... ကာတွန်းဆွေမင်းရဲ့ဇာတ်ကောင်တွေရယ်.. အားလုံးက ကျွန်မအသည်းတွေကြီးပဲ.. ဘာရယ်မဟုတ်ပါဘူး.. ဟာတတက်တက်ပါ :P

7 comments:

layma said...

ဟဲ..ဟဲ..အွန်လိုင်းပေါ်ကညီမလေး..။

ChIr0N said...

သဘောကျတယ်ဗျာ။ ပေါက်ကရ ဆိုပေမဲ့ တမျိုးပဲ။ ဖတ်ပြီး ပြုံးသွားရလို့။

Upasaka said...

ကျနော်လည်း ကိုတွတ်ပီကိုချစ် ပါတယ်..သူကလူကိုတွေးခိုင်းလို့

မြရွက်ဝေ said...

မသေးမျှင်ကိုကော ဂျစ်ဖူးလား "တော့! သဇင်ဏီ" အဲ မွှားတွားလို့ "တော့!! ကတွတ်ပီ":P

MgThaJan said...

ဟီးးး ဟီးးး ကောင်မလေး မရိုးတော့ဖူးထင်တယ် :P

linoo2007 said...

ဟားဟား....ကောင်းတယ်ညီမရေ....

နှင်းဆီနီနီ said...

ဟဟ
ကြံကြံဖန်ဖန် ရေးတက်တယ်နော်။