အချစ်နှင့်ပတ်သတ်၍ရောက်တတ်ရာရာအတွေးများ

ချစ်တယ်..ဆိုတဲ့စကားကိုလူတွေတော်တော်များများပြောကြတယ်..

အဲဒီအထဲမှာ ငါလည်းပါတာပဲ.. တကယ်တမ်းသေချာပြန်စစ်မယ်ဆိုရင်.. အဲဒီအဓိပါယ်ကိုငါကတော့ သေသေချာချာမသိပေမယ့် အဲဒီချစ်တယ်ဆိုတဲ့စကားကို ထပ်ခါတလဲလဲပြောနေပြန်သေးတယ်.. ဒါဆိုငါကညာနေသလိုများဖြစ်နေမလား…

ငါ….ဘယ်သူ့ကိုမှညာဖို့မရည်ရွယ်ပါဘူး..ဒါဆိုငါ့ကိုချစ်ပါတယ်လို့ပြောနေတဲ့သူတွေကရော ညာနေတာပဲလား… ဒါကထပ်ခါတလဲလဲတွေးမိတဲ့အကြောင်း..

ကိုယ့်ရဲ့ခံစားချက်တွေကို တတ်နိုင်သလောက်မျှဝေခံစားပေးတတ်တဲ့သူ..

ကိုယ်နဲ့တတ်နိုင်သလောက်အဖော်ပြုပေးတတ်တဲ့သူ.. ခံစားချက်တော်တော်များများမှာထပ်တူကျနေတတ်တဲ့သူ..

အဝေးမှာနေပေမယ့် အနီးမှာရှိတယ်လို့ ထင်ရလောက်အောင် ခံစားမိစေသူ…

အဲဒီသူမျိုးကိုတော့ ချစ်တယ်လို့ ငါပြောချင်ပြန်သေးတယ်..

တကယ်တော့ အချစ်ဆိုတာ.. ရယူခြင်းလဲမဟုတ်.. စွန့်လွှတ်ခြင်းလဲမဟုတ်…

အချစ်ဆိုတာ ချစ်နေဖို့ပဲလိုအပ်ပါတယ်… နင့်ဘေးမှာဘယ်သူတွေပဲရှိနေရှိနေ.. နင်..ငါမဟုတ်တဲ့တခြားတယောက်ကိုပဲရူးသွပ်နေပါစေ… ငါနင့်ကိုချစ်နေမယ်.. နင်ငါ့ကိုချစ်နေရင် ဒါဟာငါနားလည်တဲ့အချစ်တစ်ခု ဖြစ်သွားပြီ… ငါမဟုတ်တဲ့တခြားသူတွေကိုလဲနင်ချစ်ခွင့်ရှိတယ်.. ငါ့ရဲ့အတ္တကနင့်အတွက်မဟုတ်ပါဘူး.. ငါနင့်ကို ဖြူစင်စွာနဲ့ပဲချစ်နေတယ်..

ဘာရယ်မဟုတ်.. အချစ်နဲ့ပတ်သက်လို့ ခံစားမိသမျှလေးကိုရေးမိတာပါ..

ဘာရယ်မဟုတ်ဘဲ ထပ်ပြီးစပ်စုချင်ပြန်သေးတယ်.. အချစ်နဲ့ပတ်သတ်ပြီး ကျွန်မရဲ့(ဦးလေးလို့ခေါ်တာကို မကြိုက်တဲ့) ကိုကြီးဂူဂူး.. ဦးလေးသင်္ကြန်နဲ့ ခပ်ပေါပေါသယ်ရင်းလေးမောင်မျိုးတို့ ဘယ်လိုခံစားကြသလဲလို့..

5 comments:

မွန် said...

အချစ်ဆိုတာကို ရေရေရာရာ အဓိပ္ပါယ်မသိပဲ ချစ်တယ်လို့ အထပ်ထပ်အခါခါ ပြောနေမိတဲ့ ငါကိုယ်တိုင်ကရော ညာနေမိတာလား
ချစ်တယ်ဆိုတာ ချစ်နေဖို့ပဲ လိုအပ်ပါတယ်လေ
အချစ်ကို ဖွင့်ဆိုထားတဲ့ စာသားလေးတွေက ရင်ထဲမှာ

pandora said...

မရယူချင်တာ တကယ် လား. အဲလိုလေး စိတ် လူအတော်များများထားနိုင်ရင် ငြိမ်းချမ်းမယ်နော်

layma said...

သွပ်ရေ..အချစ်ဆိုတာကို ခုမှ သင်ယူသွားတယ်..။

Gu Gu said...

ကဲ... ဖွားလေး သဇင်ရေ့... ရေးပြီးသွားပါပြီ ခင်ဗျား... (ဒီအရွယ်လောက်လေးကို ဦးလေးဂျီးတဲ့)...

ရောက်တတ်ရာရာတွေ သိပ်မတွေးနေပါနဲ့ကွယ်... တရားလေးဘာလေး မှတ်... ချစ်ရင် ချစ်တယ်လို့ မှတ်... ပြီးတာပဲ... :P

Synchro 305 ~ said...

မသိဘူး
ဒါပေမယ့်သေချာတာကတော့
ချစ်မိပြီဆိုရင်....
သောက်ရူးတစ်ကောင်လိုကိုဖြစ်တော့တာပဲ
မယုံမရှိနဲ့ 