လေထဲကငါ(၂)
မျှော်လင့်တိုင်း ဖြစ်မလာတတ်တဲ့ အကျင့်တစ်ခုနဲ့ အသားကျနေတော့မယ့် ငါ့ရဲ့ဘ၀လား..
မျှော်လင့်တကြီးနဲ့ စောင့်စားခဲ့တဲ့ နေ့တစ်နေ့က တကယ်တမ်းကျတော့ ဘာအဓိပါယ်မှမရှိတဲ့ ဗလာနေ့ကြီးပဲဖြစ်နေပြန်ဦးမယ်..
ဗလာချည်းပဲ အမြဲရနေတဲ့ငါ့ကို တစ်ခါလောက် သနားပေးပါလား ကံကြမ္မာကြီးရယ်လို့ ငါအောက်ကျမခံချင်ပြန်ဘူး..
ငါ့တောင်ပံတစ်စုံဖြန့်ပြီး ဝေဟင်မှာပျံဝဲတယ်…
နူးညံ့တဲ့ လေညင်းလေးက ငါ့ဘေးမှာ အဖော်အဖြစ်နဲ့ရှိနေပေးမယ်..
ငါချစ်တဲ့ ကြယ်လေးတွေက င့ါကိုစိုးရိမ်တကြီးနဲ့ ငုံ့ကြည့်နေကြတယ်…
အလင်းရောင်ချို့တဲ့နေတဲ့ ကောင်းကင်အောက်မှာငါရှိနေတယ်…
သူတို့တွေငါ့ကိုကြည့်နေကြတယ်…
ငါ့အပြုံးတွေလှတယ်ဲလို့ မကြာခဏလဲ ရေရွတ်တတ်ကြတယ်..
ငါ့မျက်ဝန်းထဲက မျက်ရည်စတွေကို သူတို့မမြင်ကြဘူးလား…
ခိုးခိုးငိုတတ်တဲ့ အကျင့်တစ်ခုကြောင့် မျက်ရည်ဆိုတာတွေက ငါနဲ့ဝေးဝေးကို ထွက်သွားကြပြီလား.. ရိုက်ကြီးတငင်နဲ့ ငါငိုချင်ပါသေးတယ်.. ငါ့ငိုသံတွေကို နားလည်ပေးနိုင်မယ့်သူမျိုးရှိခဲ့ရင်ပေါ့..
ငါ…. တယောက်တည်း လောကကြီးအပြင်ဘက်ကို ရောက်နေသလို ထပ်ပြီး ခံစားရတယ်…
မြေကြီးပေါ်မှာရပ်နေတာသတိမရသေးသရွေ့တော့ ငါကလေထဲမှာပေါ့.. ဘယ်တော့မှ သတိမရချင်ဘူး.. လောလောဆယ်မှာ ကမ္ဘာမြေကြီးပေါ်ကငါ့ဘ၀ကို ငါမုန်းနေတယ်..


5 comments:
အင်္ကျီအသစ်လေးနဲ့ပါလား။ ပေါက်ကရ 80 တွေ မျှော်နေပါတယ်။
အင်း.......
တစ်ခါတစ်လေလောက်တော့
လေထဲရောက်ကြည့်လိုက်ဦးမယ်.............ရပိုင်ခွင့်ဆိုတဲ့ဘောင်ထဲကနေစိတ်ကူးတွေကိုလွှတ်တင်
ပြီးတော့ပေါ့................
မမုန်းပါနဲ့ မဏီရေ။ အပြင်မှာရော စိတ်ထဲမှာပါ ပျော်ရွှင်အောင် ကြိုးစားနေနိုင်ပါစေဗျာ
တောင်ပံတစ်စုံရှိရင် အမလဲ အဲလို လေထဲလွင့်မျောလိုက်ချင်ရဲ့။
တက်မရှိလက်နဲ့ ကူးပေါ့
ရူချင်လည်းရူးစမ်းပါစေ
ပင်လယ်ဆိုတာဘယ်လောက်ကျယ်တာမှတ်လို့ 
ပျော်အောင်ပဲနေပါ
Post a Comment