သူ့အတွက် စာတစ်စောင်

မြားနတ်မောင်က လက်လွန်ပီး
မြားနှစ်ချက်ပစ်လိုက်တယ်ထင်ပါရဲ့
နင့်ကိုချစ်တဲ့ ငါ့အချစ်တွေက တရားလွန်ဖြစ်နေလို့ပါ

လက်ရှိအနေအထားမှာ
လွမ်းတဲ့စိတ်ရယ်..ချစ်တဲ့စိတ်ရယ်
အဲဒီစိတ်၂ကောင်ဖိုက်နေကြတယ်ဟာ

ငါလဲဘာလုပ်ရမှန်းမသိတော့ဘူး
ဒိုင်လူကြီး (နင်)လာမှပ အဲဒီပွဲကငြိမ်းမယ်တဲ့
ဖြစ်နိုင်ရင် လာခဲ့စေချင်တယ်.. (ရူးမိုက်မိုက်တွေးကြည့်တာပါ)

လောလောဆယ်... ဒုက္ခရယ် လှလှရယ်...
သူတို့၂ကောင်ကလဲ ကြည့်မရလောက်အောင် အတွဲညီနေပြန်တယ်
နင့်ကိုလွမ်းလို့တဲ့
ဘာမှတော့ မဆိုင်ပါဘူးလေ

လေပြည်လာတာတောင်နင့်ကိုထိုင်လွမ်းနေတယ်
မျက်ဝန်းတွေမှိတ်ပီးမအိပ်ခင်အနေနဲ့
မျက်ဝန်းတွေပြန်ဖွင့်လိုက်တဲ့ အချိန်တိုင်းမှာနင့်ကို မြင်ခွင့်ရရင်အရမ်းကောင်းမှာပဲနော်

ဖြစ်နိုင်ရင်အမြန်ဆုံးတွေ့ချင်ပါတယ်...
မိုးလင်းမိုးချုပ်ထိုင်လွမ်းနေတယ်
မေ့မသွားပါနဲ့ ငါ့ရဲ့ ရိုမီယိုလေးရယ်

အဲဒါပဲ.. ဖတ်ကြည့်ပေတော့ကွယ်.. နင့်အတွက် စာတစ်ကောင်မဟုတ်တဲ့ ငါချရေးဖြစ်တဲ့ စာတစ်စောင်ရယ်ပါ..

7 comments:

မင်းကျန်စစ်။ said...

အော် အော် မဏီက အလွမ်းမင်းသမီးလုပ်နေတာပေါ့လေ။ လွမ်းတာခဏထားအုံး။ ပျော်ပျော်နေကွ

Synchro 305 ~ said...

ဖြစ်ချင်တော့ အဲ့အကောင်
်မြားနတ်မောင်
ပစ်လိုက်တဲ့မြားက
ငါ့ကိုလည်းလာမှန်တယ်
ဘယ်ဖက်ရင်အုံကိုတိတိပဲ
သက်ဆိုင်တဲ့ကောင်မလေးရေ
ငါ့ကိုလာနှုတ်ပေးပါ.........
မကြာခင်သွေးလွန်ပြီးသေတော့မယ်

BLANK PAPER said...

ပြစ်ချင်တာပြစ်လိုက်..အလွမ်းနက်နက်တွေနဲ့ ..
ဒါပေမယ့် သွေးတစက်က ထပြောတာတော့
စွဲလမ်းမှုအကြောင်းနဲ့ ပေးဆပ်ခြင်း..

ဂျေ said...

စိတ်မရှိကြပါနဲ့ ကွယ်တို့ ..
မနာအောင် မြှားထိပ်ကို ထပ်သွေးထားပါ့မယ်
ပုံ
မြှားနတ်မောင် အေဂျင်ဆီင

layma said...

ဒိုင်လူကြီးက စိတ် ၂ ကောင်လုံးဆီက ခေါက်ဆွဲစားထားရင် ဘယ်လို လုပ်မလဲ သွပ်...။

ဇင်ယော် said...

အရေးအသားကတော.ရေရေလည်လည် လန်းတယ်ကွ။ မြားနတ်မောင်ကပြောတယ်....၂၁ ရာစုမှာ မြား မသုံးချင်တော.လို. နောက်ပြီး ပိုပြီး accurate ဖြစ်ချင်လို.တဲ. ဟီးဟီးးးးးး... Cruise missile တွေဝယ်တတ်ထားတယ်ပြောတယ် ........

Mintasay said...

Arrow, arrow ...that arrow, sweet arrow but deep sorrow.

Arrow, arrow... that arrow, Arrow of relief but shadow of grief.

Arrow, arrow...that arrow, beloved arrow but destructed echo.

Arrow, arrow...that arrow, Don't ever say Hello to that Heaven 'cos you're gonna be threatened.