Current status of Thazinni in Yangon
ယခင်ကမအားသဖြင့် ယားသည့်နေရာများအား ကုတ်ရန်အတွက်မှတ်ထားရသော်လည်း ယခုတော့ မယားသည့်နေရာများအားအသည်းအသန်ဖြင့် အလွန့်အလွန်ကိုအားနေပါသောကြောင့် လိုက်ကုတ်နေရခြင်း
လုပ်စရာအလုပ်မရှိသဖြင့် လက်နှစ်ဘက်ဖြင့် ခြင်များကို (မရိုက်ချင်သော်လည်း. တဖြောင်းဖြောင်းဖြင့်)ရိုက်နေရခြင်း
ရွာတွင်ရှိသော သယ်ရင်းတော်တော်များများမှာလည်း ထောင်(အိမ်ထောင်)ထဲတွင်ရောက်နေပါသောကြောင့် သူတို့အချိန်နှင့်သူတို့ပင်မလောက်သောအနေအထားမျိုးဖြင့်ရှိနေရာ. မိမိကိုယ်ပိုင်အချိန်များကိုပင်သူတို့အတွက် ငှားစားလျှင်ကောင်းမလားဟု စဉ်းစားနေခြင်း…
၎င်းတို့အားကြည့်ပြီး မိမိကိုယ်တိုင်ပင် ထောင်ထဲသို့ ခန၀င်ကြည့်လျှင်ကောင်းမလားဟု စဉ်းစားမိနေခြင်း
အလွန့်အလွန်ကိုစုတ်ပြတ်သော connection ဖြင့် ခေါ်မည့်ဖုန်းများအား မျှော်နေခြင်း
ဖုန်းလိုင်းမိရန်အတွက် အိမ်ခေါင်မိုးပေါ်တက်ထိုင်နေလျှင်ကောင်းမလားဟု မကြာခနစဉ်းစားမိနေခြင်း..
မောင်ငယ်လေးနှင့် စရင်းနောက်ရင်း မကြာခနကိုက်နေခြင်း…
စကားအလွန်ပြောသော အဖွား၏ ဒိုင်များတွင် မကူးချင်သော်လည်း လက်ပစ်ကူးပီး နားထောင်နေရခြင်း…
တရားဟောသကဲ့သို့ စကားများပြောသော မေမေ၏ ဒိုင်များကိုလည်း မနည်းလိုက်မှတ်နေရခြင်း…
ရည်းစားလေးအားလည်းတိတ်တဆိတ်လွမ်းနေရခြင်း…
ထိုသို့.. ထိုသို့သောအကြောင်းများဖြင့် သဇင်ဏီမှာ ရွာတွင်အလွန့်အလွန် ကိုပျင်းရိနေပါသည်… အပျင်းတက်နေပါသည်
ယခုအတိုင်း ကြာကြာနေလျှင်ပျင်းလို့သေသော လူတစ်ယောက်စာရင်းတွင်ပါတော့မည်ကို မိမိကိုယ်မိမိ စိုးရိမ်လျက်ရှိပါသည်…


10 comments:
ဒီတစ်ခါတော့ မင်းသိင်္ခ စတိုင်လေးပါလား... ပျင်းရင် ရွာက ကလေးတွေနဲ့ ပေါင်းပြီး ဂွေလှိမ့်၊ ဂေါ်လီရိုက်၊ ထုပ်စီးတိုးပေါ့ကွယ်... :P
ဪ ပျောက်နေတာ ရွာရောက်နေသကိုး!! ဟေး-- ထောင်ထဲက ခဏဘဲဝင်လို့မရဘူးလေ။ :P
နာလာခဲ့မယ်ပီးရင် လမ်းပေါ်မှာတွေ့ တဲ့လူဒွေဂို
ဂျင်ကလိနဲ့ လိုက်ထိုးကြမယ်...
ရေးးးးးး
:P
ရွာရောက်နေတာကိုး ... တိဘူးလေ ပြန်မယ်ဆိုလဲ ပြောသွားတာ မဟုတ်ဘူး ...။ ဖွားမေလေးကို လွမ်းတဲ့အကြောင်း ပြောုလိုက်ချင်လို့ နော့ ဟတ် ဟတ်
အဆင်ပြေပါစေ မဏီရေ ...။
မြန်မြန်ပြန်လာတော့လေဟာ။ပျင်းနေတာများ ဆက်မနေနေနဲ့ တော့ လွမ်းလှပြီကွ။မုန့် တွေဝယ်ခဲ့ဘို့ 
လဲမမေ့နဲ့
ပျင်းနေတယ်ပေါ့ နင်ပါတစ်ခါတည်း ထောင် ( အိမ်ထောင်) ကျမနေနဲ့  ၇ိုမီယိုလေး ငိုနေလိမ့်မယ်ဗျ..
အဆင်ပြေပါစေဗျာ...မြန်၂ပြန်လာဝေ့..ပျင်းနေပြီးးးးးး
ရွာက ကိုးနတ်ရှင်ကြောင့် သူစိတ်ညစ်နေတာကိုး။ ညစ်နဲ့ မဏီရေ။ သူငယ်ချင်းတွေကို အားကျရင်တော့ အရင် လာဖတ်လှည့်အုံး ပြီးမှ စဉ်းစား။ ပြောသာ ပြောရတယ်။ ရွာက ကိုးနတ်ရှင်နဲ့တော့ မထင်နော့။ ပျော်အောင် နေခဲ့ကွ။
ပျင်းနေတယ်တဲ့လား..
သိရသလောက်တော့ ပျင်းတာလဲ မင်္ဂလာတစ်ပါပါးပဲ..
မလုပ်ချင်တာတွေလုပ်နေ၇တာလည်း ကျော်လအားခြင်းတစ်မျိုးမည်၏တဲ့..
ဘယ်သူပြောတာတော့ မသိဘူး..
လောလောဆယ်တောါ မုတ်သုန်ပြောတာပေါ့နော်..
အားကျပါဘိ... မုတ်သုန်လည်း အဲလိုပျင်းချင်လိုက်တာ... :P
ပျင်းနေတဲ့ သဇင်ဏီ
အလုပ်များသွားအောင်
အိမ်ကခွေးနဲ့ ရှုးတိုက်လိုက်မယ်
လာလေရော့ဟယ်....
ရှုး.....ရှုး.......
ခုလက်ရှိရော..ဘယ်အခြေအနေ ရောက်နေပြီလဲ သွပ်..သွပ်ရေ..။
Post a Comment