မေတ္တာ

တခုသော ညနေခင်းတခု၏ပန်းခြံအတွင်းတွင် အဘိုးအိုနှင့်အဘွားအို ၂ဦးလမ်းလျှောက်နေကြသည်။ ခနကြာသော် အဘွားအိုသည် ရုတ်တရက်လဲကျသွားသည်။

ထိုအခါအဘိုးအိုက ပြာပြာသလဲဖြင့် အဘွားအိုအား ထူမပေးရန်ကြိုးစားသည်။ အဘွားအိုသည် အကြောက်အကန်ငြင်းဆန်ကာ မြေပြင်မှ မထဘဲရှိသည်။ ထိုသို့ အဘိုးအိုက အတင်းဆွဲထူ၊ အဘွားအိုက အကြောက်အကန်ငြင်းနှင့် မိနစ်များအနည်းငယ်ကြာသော် ပန်းခြံအတွင်းမှ လူတစ်ချို့မှာ ၄င်းတို့ ၂ဦးအား မည်သို့မည်ပုံဖြစ်သည်ကိုမေးမြန်းရန် ၀ိုင်းဝန်းစုရုံးလာကြသည်။ ထိုအခါအဘွားအိုက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြရာတွင်

"အမလေး.. သူ့အသက်အရွယ်နဲ့ ကျုပ်လိုအလေးအပင်ကို မချင် ထူချင်သေးတယ်… တော်ကြာ သူတစ်ခုခုဖြစ်သွားရင် ကျုပ်ရင်ကျိုးရပါချည်ရဲ့" တဲ့

အဲဒီ စာစုလေးကို မောင်ကောင်းထိုက် (နှီးပဒေါ) ရဲ့ ဟာသပဒေသာထဲက ဖတ်မိထားတာပါ..

ကျွန်မကတော့ ဟာသလို့မမြင်မိပါဘူး.. လူတစ်ဦးတစ်ယောက်ရဲ့ လေးနက်တဲ့ မေတ္တာဓါတ်ကို ခံစားလို့ရလို့ အမှတ်တရ သိမ်းထားလိုက်တဲ့သဘောပါ..

11 comments:

အလင်္ကာ said...

ဒီမေတ္တာ စာလေးကို သေချာထပ်ဖတ်သွားတယ်။ :P :P :P

Synchro 305 ~ said...

မေတ္တာဆိုတာအသွားရှိမှတော့
အပြန်လည်းရှိမှာပါ
လေးလေးနက်နက်ယုံကြည်ပါတယ်။

Gu Gu said...

ဟုတ်... ကျနော်လဲ ဟာသလို့ မမြင်မိဘူး... စာတိုလေး ဆိုပေမဲ့ ဖတ်ရတာ တမျိုးလေးပဲ... ကောင်းတယ်...

မင်းကျန်စစ်။ said...

ရှာရှာကျန်ကျန် တွေးတတ်တဲ့ မဏီရယ်။
လေးစားသွားပီး)

Yan said...

အဘွားအိုရဲ့ ကရုဏာဒေါသောနဲ့ ပြောလိုက်တဲ့ လေသံလေးထဲမှာ အဘိုးကြီးကို ဘယ်လောက်ထိ ချစ်မြတ်နိုးတယ် ဆိုတာလေးတွေ ပါနေတယ်...

ကျွန်တော်လည်း အဲလို ဘ၀လက်တွဲဖော်လေးတော့ လိုချင်သား...

(အဘွားကြီးကို လိုချင်တာ မဟုတ်ဘူးနော်. ရောကုန်မှ ဒုက္ခ. ဟတ်ဟတ်ဟတ်)

အားပေးနေမယ် မသဇင်ဏီရေ...

BLACK DREAM said...

မိုက်တယ်ဗျ...။ တိုတိုလေးနဲ့ တော်တော်တာသွားတယ်...။

Dream said...

တော်တော်ကောင်းတဲ့စာတိုလေးပါ။
တယောက်နဲ့တယောက်အသက်တာကြီးသွားတာ
်အချစ်နဲ့ဖေးမဆဲပါ။အားကျစရာပါ

အမရာ said...

တကယ့်ကိုအင်အား
ကြီးမားတဲ့မေတ္တာဟာဒါပါဘဲ..............

Mintasay said...

စာတွေပြန်ရေးတာတွေ့ရလို့ ၀မ်းသာတယ်

romeo said...

love is never die...
4ever ....
ebody have a true love.

mgnge said...

ကျွန်တော်လည်းဖတ်ဖူးတယ်...။ မေတ္တာစာလို့ ပဲ ထင် တယ်နော်...။