အလွဲများနဲ့သူ့ကိုစတွေ့သည်

ဒီနေ့ကတော့နဲနဲထူးခြားနေသည် :D အစောကြီးနိုးနေတယ်။
ဒုက္ခ!! ဂွတော့ကျပြီ။ ပြန်အိပ်လို့လဲမရ နာရီကြည့်တော့လဲ 10 am တဲ့။
ဆက်အိပ်လို့မရတော့လဲ computer ဖွင့်ပြီး movie ကြည့်မယ်ပေါ့။

ဒါနဲ့ computer on ပြီး bathroom ကို go တော့ပျော့စိစိကြီးကိုနင်းမိတယ်...
shit!! ညကဟိုကောင် ဥဩဆွဲထားတဲ့ဟာ (သေပြီဆရာ) ငါတော့ထီပေါက်ပီပေါ့။
မထူးပါဘူး ပေလက်စနဲ့အံဖတ်တွေကို ရှင်းလိုက်တယ်။ဒါနဲ့ရေချိုးလိုက်တယ်။ရေချိုးမှပဲလန်းသွားတယ်။

coffee လေး ၁ ခွက်ဖျော်ပီး computer အရှေ့မှာထိုင်...ဆေးလိပ်သောက်ဖို့ ဆေးလိပ်ဗူးလိုက်ရှာတော့ တွေ့ပီကွ!! bin ထဲမှာ။ လောကကြီးကိုတော်တော်စိတ်နာသွားပီ။ ဆေးလိပ်က တော်တော်သောက်ချင်နေပီ။ နောက်ဆုံးတံခါးကြားကဆေးလိပ်တိုသတိရပီး ရှာကြည့်လိုက်တော့ဖင်ဆီခံဘဲကျန်တော့တဲ။
အား.......... ဒီနေ့ ကံမကောင်းပါလား :(

ကံကောင်းချင်တော့ပြာခွက်ထဲက london ဆေးလိပ်တိုကိုတွေ့တော့တော်တော်ပျော်ပြီး
ဗုဒ္ဓ bless me ပေါ့ .....ဟဲဟဲ..... ဒါနဲ့ computer မှာ movie ရှာတာပေါ့။
ကိုယ်ကြည့်နေကြဟိုကားလေ..... ဟီးဟီး.... တွေ့ပီဗျာ
အဲဒါ အဲဒါ "tom and jerry" i love it much :D ကြည့်မလို့လုပ်တုန်း
မနေ့က myanmardate.com မှာ အရုပ်လေးပိုက်ပြီးရိုက်ထားတဲ့ ဓါတ်ပုံတင်ထားသော ကောင်မလေးကို သတိရလိုက်တယ်။ ကိုယ်မနေ့က ပို့ထားတဲ့ message ကို reply လုတ်ထားပီလားလို့ သိချင်စိတ်ကမထိမ်းနှိင်တော့ ....ဟီး... inbox ကို check လိုက်တာပေါ့။ အဲဒီမှာစတွေ့တာပဲ "ပဲပြုတ်သည်ဒေါ်ဘုတ်နဲ့"
အဲ.... ဟုတ်ပေါင် message ကိုပြောတာ။

message ထဲမှာ သူ့Gtalk ID နဲ့ပီးတော့ u can catch me there တဲ့။ အတော်ပဲ ဦးဖိုးထော်ဆီကကြိုးကွင်း ငှားဦးမှပဲ။ ဦးဖိုးထော်ဆီရောက်တော့ ဦးတွတ်ပီငှားသွားတယ်တဲ့။ မထူးပါဘူးဆိုပီး ကောင်မလေးပုံပဲကြည့်လိုက်တော့ ၂ ပုံထဲ။ လေပါတယ်......... ကောင်မလေးကအချောသားဗျ ဟီး ...ရင်တောင်ခုန်တယ်......... ရင်ခုန်ရုံတင်မကဘူး ဗိုက်ပါနာလာတယ်ဟ။

မဖြစ်ဖူး ကိစ္စကထိပ်ဝရောက်နေပီ။ ဘယ်ရမလဲ toilet ထဲပြေးတာပေါ့ ...ညကအမုန်းဆွဲထားပီး ခုဗုံးကြဲလိုက်တော့ ကိုကြီးကျော်လိုအမုန်းကဲလို့ရပီပေါ့။ ဟဲဟဲ ....ခုမှပဲနေသာထိုင်သာရှိတော့တယ်။
computer အရှေ့မှာပြန်ထိုင်ပီး london ဆေးလိပ်တို ကိုမီးညှိ ပီးတော့ ကောင်မလေးရဲ့ picture ကို feel အပြည့်နဲ့စိုက်ကြည့်နေမိ၏။ ဆေးလိပ်ပြာကိုပြာခွက်ထဲသို့ ချွေချလိုက်ပီးတော့ချာတိတ်မရဲ့ gtalk ID ကို add လိုက်၏။

ဘေးနားက coffee ခွက်ကိုယူပြီးမော့လိုက်တော့ "shit ဟြတွေ" ခုနကဟြတွေကို coffee ခွက်ထဲမှားပီးချွေချလိုက်မိပီဟ coffee အရသာက ငံတံတံနဲ့။ နဲနဲတော့တင်းလာပီ (ဇာတာတက်ချက်ကရင်နင့်စရာ) add ပီးတော့ ၅ မိနစ်အကြာမှာသူ online ပေါ်တက်လာပြီ။ ရင်ခုန်စွာဖြင့် မိတ်ဆက်လိုက်၏

hi there !!! ,she said: how r u? ,me: good n u? ,she:good and so on သူလေးနဲ့ chat တာတော်တော်ကြာသွားပီ နာရီကြည့်တော့မှ ၁၂ ထိုးပီ။ ဗိုက်ကလဲတော်တော်ဂွီနေပီ
info လဲတော်တော်စုံပီဆိုတော့ စကားစကိုဘဲလိုဖြတ်ရင်ကောင်းမလဲ စဉ်းစားလိုက်တော့........
ဟုတ်ပီ ဒီလိုပြောမယ်

me: i gotta go toilet ပြီးတော့ Gtalk status ကိုပြောင်းလိုက်ပီး kitchen ဆီကိုဦးတည်လိုက်တယ်။စားပီးဒါနဲ့ computer ဆီကကိုပြန်ပီး စော်လေးနဲ့ပြန်Qမလို့ကြည့်လိုက်တော့ သူက offline ဖြစ်သွားပီ။ message လေးတော့ချန်ခဲ့တယ်။ ဖတ်ကြည့်လိုက်တော့ enjoy ur toilet တဲ့။ ကျွန်တော့် status က having lunch တဲ့
:D lol

လေထဲကငါ(၂)

မျှော်လင့်တိုင်း ဖြစ်မလာတတ်တဲ့ အကျင့်တစ်ခုနဲ့ အသားကျနေတော့မယ့် ငါ့ရဲ့ဘ၀လား..

မျှော်လင့်တကြီးနဲ့ စောင့်စားခဲ့တဲ့ နေ့တစ်နေ့က တကယ်တမ်းကျတော့ ဘာအဓိပါယ်မှမရှိတဲ့ ဗလာနေ့ကြီးပဲဖြစ်နေပြန်ဦးမယ်..

ဗလာချည်းပဲ အမြဲရနေတဲ့ငါ့ကို တစ်ခါလောက် သနားပေးပါလား ကံကြမ္မာကြီးရယ်လို့ ငါအောက်ကျမခံချင်ပြန်ဘူး..

ငါ့တောင်ပံတစ်စုံဖြန့်ပြီး ဝေဟင်မှာပျံဝဲတယ်…

နူးညံ့တဲ့ လေညင်းလေးက ငါ့ဘေးမှာ အဖော်အဖြစ်နဲ့ရှိနေပေးမယ်..

ငါချစ်တဲ့ ကြယ်လေးတွေက င့ါကိုစိုးရိမ်တကြီးနဲ့ ငုံ့ကြည့်နေကြတယ်…

အလင်းရောင်ချို့တဲ့နေတဲ့ ကောင်းကင်အောက်မှာငါရှိနေတယ်…

သူတို့တွေငါ့ကိုကြည့်နေကြတယ်…

ငါ့အပြုံးတွေလှတယ်ဲလို့ မကြာခဏလဲ ရေရွတ်တတ်ကြတယ်..

ငါ့မျက်ဝန်းထဲက မျက်ရည်စတွေကို သူတို့မမြင်ကြဘူးလား…

ခိုးခိုးငိုတတ်တဲ့ အကျင့်တစ်ခုကြောင့် မျက်ရည်ဆိုတာတွေက ငါနဲ့ဝေးဝေးကို ထွက်သွားကြပြီလား.. ရိုက်ကြီးတငင်နဲ့ ငါငိုချင်ပါသေးတယ်.. ငါ့ငိုသံတွေကို နားလည်ပေးနိုင်မယ့်သူမျိုးရှိခဲ့ရင်ပေါ့..

ငါ…. တယောက်တည်း လောကကြီးအပြင်ဘက်ကို ရောက်နေသလို ထပ်ပြီး ခံစားရတယ်…

မြေကြီးပေါ်မှာရပ်နေတာသတိမရသေးသရွေ့တော့ ငါကလေထဲမှာပေါ့.. ဘယ်တော့မှ သတိမရချင်ဘူး.. လောလောဆယ်မှာ ကမ္ဘာမြေကြီးပေါ်ကငါ့ဘ၀ကို ငါမုန်းနေတယ်..

HAPPY BIRTHDAY SEIN MA MA



ဒီနေ့က သယ်ရင်းဘလော့ဂါ ပန်းခရေ (သို့) စိန်မမရဲ့မွေးနေ့ပါ. အခုတလော မွေးနေ့ပွဲတွေက ဆက်တိုက်ဆိုတော့ budget ထိခိုက်သွားတယ်...ကိတ်ဖိုးတွေနဲ့ မွဲလုမွဲခင်ဖြစ်နေတယ်...
သနားကြပါဦးအရပ်ကတို့ရေလို့ မအော်တော့ပါဘူး.. တော်ကြာမွေးနေ့ရှင်လေး ငိုချင်တယ်ဖြစ်နေဦးမယ်..

သယ်ရင်း.. ငါ ဒီပန်းစည်းလေးရဖို့ တ်ာတော်လေး ချွေးပြန်သွားတယ်.. နှင်းဆီအဖြူလှလှလေးတွေကို ၀ယ်ဖို့ မနက်စောစောသံဈေးကိုထွက်လာတာ.. တကယ်လှတဲ့ နှင်းဆီတွေကိုလဲရပါတယ်ဟာ..ပန်းတွေကိုစိတ်ကြိုက်ရွေးပီးတော့မှ ဘောင်းဘီအိပ်ကပ်ထဲမှာ ပိုက်ဆံမပါဘူးဟ.. အကျီအိပ်ကပ်မှာလဲ ပါမှာမဟုတ်ဘူး.. အိပ်မှမရှိတာကို.. ဒါနဲ့ပဲစိတ်ဓာတ်ကြီးက အောက်ကိုဘုန်းကနဲကျသွားတယ်ဟာ.. လက်ထဲကပန်းတွေကိုလဲ ပြန်မထားချင်တော့ဘူး.. နင့်ကိုလဲဒီနေ့ပေးမှဖြစ်မယ်ဆိုတဲ့အသိနဲ့ ငါဆုံးဖြတ်ချက်တခုကို ချလိုက်တာနဲ့တပြိုင်နက် အဲဒီဆိုင်ရှေ့ကနေ တရှိန်ထိုးပြေးလာခဲ့တယ်.. ကံကောင်းချင်တော့ ပန်းရောင်းတဲ့အန်တီကြီးက ၀၀ကြီးဆိုတော့ ငါ့နောက်ကို မှီအောင်ပြေးမလိုက်နိုင်ဘူးဟ.. သူကအော်တယ်.. ငါ့ကို သူခိုးဆိုပြီးတော့ပေါ့.. ဒါပေမယ့် ရုပ်အခံနဲ့လုပ်ကြံတယ်လို့ပဲပြောရမလား.. ဥပဓိက ညုကလိစရာမလိုအောင်ကို သားနားတော့ ငါ့ကိုဖမ်းမယ့်သူမရှိဘူးဟ :D
အဲဒါနဲ့ ပန်းစည်းလေးကို ငါကိုယ်တိုင်လုပ်ထားတာ.. ယူနော်သယ်ရင်း.. မယူရင်ငါစိတ်ကောင်းမှာမဟုတ်ဘူး..
ခိုးသလိုပစ္စည်းမျိုးဖြစ်နေတော့ အားနာတယ်ဟာ... ဒါပေမယ့် ငါ့စေတနာ..မေတ္တာတွေအပြည့်ပါပါတယ်

နင်အပြစ်ပြောမှာစိုးလို့နောက်ထပ် လက်ဆောင်တစ်ခုကိုတော့ ခိုးပြီးမပေးဘူး.. ၀ယ်ပြီးပေးမယ်.. ဒါလေးလဲလက်ခံပါနော်..
သယ်ရင်းလေး. မွေးနေ့မှာပျော်ရွှင်ပါစေ... ကျန်းမာပျော်ရွှင်တဲ့ ဘ၀တစ်ခုကို သက်ဆုံးတိုင်ပိုင်ဆိုင်ပါစေ.. ဒီထက်လဲပိုပြီး ချစ်နိုင်ပါစေ အချစ်ရူးလေးမဖြစ်နဲ့တော့ဟာ... နော်..
Birthday kiss ပါပေးပစ်လိုက်ပြီ.. အာဘွား.. :D*

လာလည်သူများလည်း လမ်းကြုံရင်သူ့ဆီမှာ မွေးနေ့ဆုတောင်းလေးသွားပေးလိုက်ကြပါဦးနော်...

HAPPY BIRTHDAY KO LIN OO




ဒီနေ့မှာပဲ ခင်ရတဲ့ ဘလော့ဂါ ကိုလင်းဦးရဲ့ မွေးနေ့ပါပဲ.. မွေးနေ့ရှင်ကတော့ ဘာမှမလုပ်ချင်ဘူး.. စိတ်တွေညစ်နေရှာတယ်.. ဘ၀ခြားသွားတဲ့ ချစ်ကိုတမ်းတနေတုန်းဆိုပဲ..

ကျွန်မလဲ ခင်ရတဲ့ သယ်ရင်းဘလော့ဂါတွေကို တတ်နိုင်တဲ့ဘက်က ကြည့်ရူစောင့်ရှောက်ချင်တာကြောင့် မွေးနေ့ကိတ်လေးတစ်ခုကို ကိုလင်းဦးအတွက်ပေးလိုက်ပါတယ်.. သူ့အတွက်ကိတ်ကိုတော့ သယ်ရင်းမောင်မျိုးအတွက်လိုအော်အော့်တွေနဲ့လုပ်တော့ဘူး.. :D တော်ကြာစိတ်ညစ်နေတဲ့မွေးနေ့ရှင် ပိုပြီးညစ်သွားမှာစိုးလို့ပါ..

ကိုလင်းဦး..မွေးနေ့မှစပြီး ပျော်ရွှင်မူတွေရရှိပါစေ.. အောင်မြင်မူတွေရရှိပါစေ.. ၀မ်းနည်းစရာအတိတ်တွေကိုလဲ အမြန်ဆုံးကုစားနိုင်ပါစေ.. အစစအရာရာအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်.. လာလည်တဲ့သူတွေလဲ ဒီနေရာမှာသူ့ကို birthday wish လေးလုပ်ပေးကြပါဦး.

HAPPY BIRTHDAY MG MYO



ဒီနေ့က ခင်ရတဲ့ ခပ်ပေါပေါသယ်ရင်းလေး မောင်မျိုးရဲ့မွေးနေ့ပါ.

ရေထဲကအိမ်မှ ထွက်လာပြီး လက်ဆေးဖို့မေ့သွားသည်..သကြားနှင့်ဆားမှားထည့်မိသည်..

sneeze ဖြစ်နေသောကြောင့် နှာရည်နည်းနည်းလဲထွက်ကျသွားသည်..
(အချိန်မှီပြန်ကောက်သော်လည်း မမှီတော့ပါ.. :P)

ချောကလက်မရှိသောကြောင့် မုန့်ကျွဲသဲများအား ချောကလက်အနေဖြင့် ကြားတွင်layer တခုပြုလုပ်လိုက်သည်..

စားပွဲပေါ်တွင်ခင်းစရာ အ၀တ်ဖြူမရှိသောကြောင့် ဘေးအိမ်မှ ကလေးအနှီးအား ခေတ္တယာယီ ခိုးသုံးထားလိုက်သည်..

အောက်ခံငွေရောင်အပြားမှာလည်း ဆိုင်မှခဏခိုးထားခြင်းဖြစ်သည် :D

ထိုသို့.. ထိုသို့သော အရည်အချင်းများနှင့် သယ်ရင်းငမျိုးအတွက် Birthday Cake ကိုပြုလုပ်ထားခြင်း ဖြစ်ပါသည်..

ကဲ... သယ်ရင်းရေ... ကုန်အောင်သာစားပေတော့ . မွေးနေ့အတွက်ဆုတောင်းပေးတဲ့သူတွေကိုလည်း ကျွေးလိုက်ဦးနော်.. ငါ့လက်ရာကောင်းမှန်းသိအောင် :P.. မစားရင်တော့စိတ်ဆိုးမှာပဲ.. :D

မွေးနေ့မှာပျော်ရွှင်ပါစေ... စိတ်ရောကိုယ်ပါကျန်းမာချမ်းသာပါစေ..
အလည်လာတဲ့သူများလည်း အဆင်ပြေမယ်ဆိုရင် သူ့အတွက်မွေးနေ့ဆုတောင်းလေးသွားပေးလိုက်ပါဦး...

အိပ်မက်(၂)

ဒီနေ့သူနဲ့တွေ့ရမယ်.. အွန်လိုင်းမှာပဲတွေ့နေရာက အပြင်မှာတကမ်တမ်းတွေ့ရမယ်ဆိုတော့ ရင်ခုန်သလိုလိုတော့ဖြစ်မိသား.. လှမယ်ထင်တဲ့အ၀တ်အစားတွေရွေးဝတ်လိုက်တယ်..

သူသဘောကျပါတယ်ဆိုတဲ့ ကျွန်မဆံပင်ရှည်တွေကို ပိုလှအောင် hair coat နည်းနည်းနဲ့ ပြောင်သွားအောင် အရောင်ထပ်တင်လိုက်တယ်.. ထုံးစံအတိုင်းမျက်တောင်ကို ခရမ်းပြာရောင်တွေ ဆိုးအပြီးမှာ သူ့အတွက် လက်ဆောင်ပေးမယ်လို့ ရည်ရွယ်ထားတဲ့ ကျွန်မခေါက်ထားတဲ့ ကြယ်တွေကို အသဲပုံဖန်ပုလင်းထဲပြောင်းထည့်.. လက်ကိုင်အိတ်ကြီးကိုကောက်ဆွဲပြီးထွက်လာခဲ့တယ်…

ချိန်းထားတဲ့နေရာရောက်တော့ သူ့ကိုမတွေ့သေးဘူး.. နာရီကိုကြည့်တော့ အချိန်က ၅ မိနစ်လောက်လိုသေးတယ်.. chewing gum ကိုထုတ်ပြီး ၀ါးလိုက်တယ်.. စိတ်မရှည်စွာနဲ့ တဖောက်ဖောက်နဲ့လဲ ဖောက်လိုက်သေးတယ်… အဲဒီအချိန်မှာပဲ ကောင်းကင်ပေါ်ကနေ သူရောက်လာတယ်.. လေထီးကြီးနဲ့.. အယ်.. တမျိုးကြီးပါလားလို့ တွေးတုန်းရှိသေး.. သူကဘေးမှာ ၀င်ထိုင်တယ်.. ပြီးတော့ ကျွန်မအရမ်းချစ်ရတဲ့ သူ့ရဲ့အသံကြည်ကြည်လေးနဲ့..

"စောင့်နေတာကြာပြီလား.. ကိုနောက်ကျသွားတယ်..ဆောရီးနော်” တဲ့

ကျွန်မလဲ နိုင်ငံခြားမင်းသမီးတွေလို အလှဆုံးပြုံးပြရင်းနဲ့ “ရပါတယ်” လို့ပြန်ပြောလိုက်တယ်..

အပြင်က သူ့မျက်နှာက ကျွန်မမြင်နေကျ ym ထဲကမျက်နှာထက်ပိုပြီး ချစ်ဖို့ကောင်းနေသလိုပဲ.. နှာခေါင်းလေးကလဲ ထင်တာထက်ပိုကြီးတယ်.. မျက်လုံးလေးကလဲ ထင်တာထက်ပိုပြူးတယ်.. နူတ်ခမ်းလေးကလဲ ထင်တာထက် ပိုထူနေသေးတယ်.. ကျွန်မသူ့ကို ပိုချစ်သွားတယ်.. ရင်ခုန်စွာနဲ့ သူ့မျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်လိုက်တော့ သူကကျွန်မကိုပြန်မကြည့်ဘူး.. အဝေးတနေရာကို ငေးနေတယ်.. ပြီးတော့ လေးကန်တဲ့ အသံကြီးနဲ့..

“ကိုယ်တို့ ခုမှပထမဆုံးအကြိမ်အပြင်မှာ တကယ်တွေ့ကြတာနော်.. ဒါပေမယ့် စိတ်မကောင်းဖြစ်နေမိတယ်..”

“အမ်.. ဘာလို့လဲ..”

“ဒီလိုကွာ.. ကိုယ်မင်းကိုညာထားခဲ့သလိုဖြစ်နေတယ်..”

ကျွန်မသူ့ကို ကြည့်မိတယ်.. သူ့မျက်ဝန်းတွေက မလှတော့သလိုပဲ..

“တကယ်တော့ အပြင်မှာ…ကိုယ့်ဘေးမှာ မိန်းကလေးတယောက်ရှိတယ်.. ကိုယ့်ချစ်သူပေါ့ကွာ..“

သူ့ကိုထပ်ကြည့်မိတယ်.. ပိုပြီးရုပ်ဆိုးသွားသလိုပဲ..

“ပြီးတော့ ကိုယ်တို့မှားခဲ့ကြတယ်…”

“ဘာ”

“ဟုတ်တယ်.. ကိုယ်အဲဒီမိန်းကလေးနဲ့ လက်ထပ်မှဖြစ်တော့မယ်.. ဘာလို့လဲဆိုတော့ ကိုယ့်မှာ ကိုယ်ဝန်ရှိနေလို့..”

“အမ်…ကိုယ်ဝန်.. ရှင်တော်တော်ယုတ်မာပါလား..” ကျွန်မဒေါသတကြီးနဲ့ သူ့ကိုအော်မိတယ်.. ပြီးတော့ စဉ်းစားမိတယ်.. တပြိုင်နက်ထဲပဲ သူ့ကိုမေးမိတယ် "နေပါဦး..ကိုယ်ဝန်က ရှင့်မှာရှိရမှာ မဟုတ်ဘူးလေ.. ရှင်ကယောက်ျားလေ..သူ့မှာရှိရမှာမဟုတ်ဘူးလား”

“မဟုတ်ဘူး..ကိုယ့်မှာရှိနေတာ.. ကိုယ်ဝန်ကကိုယ့်မှာရှိနေတာ..ကိုယ်မှားသွားခဲ့တယ်.”

ကျွန်မစိတ်ပျက်စွာနဲ့သူ့ကိုကြည့်တယ်.. ပြီးတော့ သူ့ဗိုက်ကိုကြည့်မိတယ်…
ဘုရားရေ.. သူ့မှာကိုယ်ဝန်အရင့်အမာကြီးနဲ့ပါလား…

“Shit” လို့ခပ်တိုးတိုးရေရွတ်ပြီး လက်ထဲက ကြယ်ပုလင်းနဲ့ သူ့ဗိုက်ကိုပစ်ပေါက်လိုက်တယ်..

ဝုန်းခနဲမြည်သံနဲ့အတူ မီးခိုးတွေအများကြီးထွက်လာတယ်.. ပြီးတော့ သူပျောက်သွားတယ်…

ကျွန်မလဲလန့်သွားတယ်.. အော်..မက်ပြန်ပီ.. ဒီအိပ်မက်ကြီး

နူတ်မဆက်ပဲ လမ်းခွဲခြင်း

လာပါလို့မခေါ်ဘဲနဲ့ အတင်းဝင်ခဲ့မိသလိုများဖြစ်နေပြီလား…

ဒါဆိုရင်..ငါထွက်သွားမယ့်အချိန်မှာလဲ နင်ကနူတ်မဆက်တော့ဘူးပေါ့…

ငါ..ရူးသွပ်နေတယ်.. ဒါပေမယ့် တဒင်္ဂပါ.. ဒါပေမယ့် အဲဒါကပေါ့ပေါ့လေးလဲမဟုတ်ပြန်ဘူး…

ငါ..နင့်ဆီက အများကြီးတောင်းဆိုခဲ့မိသလား.. အတ္တကြီးသွားသလား..

လွယ်လွယ်နဲ့ရူးသွပ်သလိုဖြစ်ခဲ့တဲ့ ငါ့ရဲ့အပေါစားအတွေးတွေကို မီးသင်္ဂြုလ်မယ်..(ဒီနေ့)

နင်ကဘေးကနေ ထိုင်ကြည့်နေပေါ့..

မတားနဲ့.. မပြောနဲ့.. ငါနင်နဲ့ အဝေးဆုံးမှာ ရပ်တည်တော့မယ်… နင်နူတ်မဆက်ခင် ငါအရင်လမ်းခွဲပါရစေ..

ခွင့်ပြုပေးပါလို့ တောင်းဆိုတိုင်းရမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့…

ဘာတစ်ခုမှ အပိုင်မရလိုက်ဘဲ စွန့်လွှတ်လိုက်တော့မယ်.. ငါ....ရူးသွားပြီလို့လာမပြောနဲ့..

ငါဘယ်တော့မှမရူးဘူး…ငါ…မြေကြီးပေါ်မှာရပ်နေတယ်.. ဒါပေမယ့်… သတိမရသေးဘူးဖြစ်နေတော့.. လေထဲမှာပဲပေါ့..ထပ်ခါထပ်ခါ..ငါပျံဝဲမယ်…

နင့်ကိုမြေကြီးထဲမှာမြုပ်ထားခဲ့မယ်.. အေးအေးချမ်းချမ်းနဲ့နင်ပျော်နေပါ.. ငါရှိနေမယ်…ဒါပေမယ့် နင့်ဘေးမှာမဟုတ်တော့ဘူး… ဒါပေမယ့်..နင့်ကိုငါကြည့်နေမိပြန်တယ်..

@_@ Cry On My Shoulder @_@


If the hero never comes to you

If you need someone you're feeling blue
If you're away from love and you're alone
If you call your friends and nobody's home
You can run away but you can't hide
Through a storm and through a lonely night
Then I show you there's a destiny
The best things in life
They're free

But if you wanna cry
Cry on my shoulder
If you need someone who cares for you
If you're feeling sad your heart gets colder
Yes I show you what real love can do

If your sky is grey oh let me know
There's a place in heaven where we'll go
If heaven is a million years away
Oh just call me and I make your day
When the nights are getting cold and blue
When the days are getting hard for you
I will always stay here by your side
I promise you I'll never hide

Repeat chorus

What real love can do
What love can do
What real love can do
What love can do
What real love can do
What love can do

ဘာရယ်မဟုတ်ပါဘူး..အရမ်းကြိုက်တဲ့သီချင်းလေးတပုဒ်မို့လို့ အမှတ်တရသိမ်းထားတဲ့သဘောပါ...
music Player မှာတင်တဲ့သီချင်းက play မလုပ်တဲ့အတွက်စိတ်ညစ်စွာနဲ့ပြန်ဖြုတ်ထားပါတယ်... =( =(

မှားယွင်းသောသတ်ပုံ

ကျွန်တော်ဒီနေ့အရမ်းခံစားနေရတယ်.. စိတ်ညစ်ညစ်နဲ့အရက်သောက်ရလောက်အောင်လဲ ကျွန်တော် အရက်မသောက်ရဲပြန်ဘူး.. စိတ်ညစ်တယ်ကွာ လို့ပဲ အသံကုန်အော်ဟစ်နေမိတယ်… ထုံးစံအတိုင်းပါပဲ.. ကျွန်တော့်မေမေကလဲ ရှူးရှူးရှားရှားဖြစ်နေတဲ့ ကျွန်တော့်ကိုလစ်လျူရူထားပြန်တယ်..

ကျွန်တော်ငိုချင်သလိုလိုဖြစ်နေတယ်.. ငိုလို့လဲမရပြန်ဘူး..

အရမ်းစိတ်ညစ်တယ်လို့အသံကုန်ပဲ အော်နေမိပြန်တယ်.. ခက်တာက ကျွန်တော့်ခံစားချက်ကို နားထောင်ပေးမယ့်သူမရှိဘူးဖြစ်နေတာဗျာ…

ကျွန်တော်နဲ့သူရဲ့သံယောဇဉ်က ၇ နှစ်နီးပါလောက်ရှိခဲ့ပြီ.. ကျွန်တော့်ကိုချစ်တယ်လို့မကြာခဏရေရွတ်နေတတ်တဲ့သူက အခုတော့ ကျွန်တော့်ကိုမေ့ပြီ… အရင်လိုကျွန်တော့်ကိုဂရုစိုက်တဲ့သူ့ကို ဘေးမှာရှိစေချင်တယ်.. ဒါပေမယ့် ကျွန်တော်သူ့ကိုအရမ်းမုန်းတယ်.. သူနောက်ဆုံးပြောခဲ့တဲ့ စကားတွေက ကျွန်တော်ရင်ထဲမှာ ပြောမပြတတ်အောင်ခံစားလိုက်ရတယ်.. ကျွန်တော့်မျက်နှာကိုဖြတ်ရိုက်ခံလိုက်ရသလို.. ကျွန်တော့်ရင်ဘတ်ကို အနုမြူဗုံးလာမှန်သလို.. အဲလိုကြီးပြင်းပြင်းထန်ထန်ကို ခံစားရတာ… ကျွန်တော်တို့ ပြောဖြစ်ခဲ့တဲ့စကားတွေက...

“ငါနင့်ကိုချစ်တယ်လေ.. အရင်ကလည်းချစ်တယ်..အခုလည်းချစ်တယ်.. ဒါပေမယ့် ရည်းစားထားတာကိုတော့လာမတားနဲ့.. ငါကမိန်းကလေးလေ.. ယောက်ျားလေးတယောက်ကို ရည်းစားထားခွင့်ရှိတာပဲ.. မေမေတောင် ငါ့ကိုမဆူဘူး..နင်ကဘာဖြစ်နေတာလဲ”

“အာ.. နင်ပြောတော့ ငါ့ကိုပဲချစ်တယ်ဆို.. နင်ရည်းစားမထားရဘူးဟာ.. ငါရှိတယ်လေ..

နော်..ရည်းစားမထားပါနဲ့ဟာ..ပြီးတော့ အဲဒီကောင်ကို ငါကြည့်လို့မရဘူး.. နင်သူနဲ့အဆက်ဖြတ်လိုက်ပါဟာ..နော်.. နင့်ဘေးမှာငါရှိတယ်လေ”

"အေးလေ…နင်ရှိသလို ငါလဲနင့်ဘေးမှာရှိနေတာပဲလေ.. ဒါပေမယ့်ဟာ… ငါရည်းစားထားကြည့်ချင်တယ်လေ.. နော်.. ပြီးတော့ ဟိုလေ.. နင်ကယောကျာ်းလေးမဟုတ်ဘူးလေဟာ.. ငါယောကျာ်းလေးရည်းစားထားချင်တယ်လေ”

ကျွန်တော့်ကိုနည်းနည်းလောက်မျှဝေပြီး ခံစားပေးကြပါလားဗျာ.. ကျွန်တော်တကယ်ကြီးကို စိတ်ညစ်နေလို့ပါ….. ကျွန်တော်မိန်းမတယောက်မဖြစ်ချင်ဘူး..ယောက်ျားဖြစ်ချင်တယ်ဗျာ

Current Status of Thazinni

လွန်ခဲ့သော စနေနေ့တွင် ရုံးမှ boxxxx ကျွေးသော မုန့်ဟင်းခါးအ၀စားပြီးသကာလ… အသည်းအသန်အလုပ်ကြိုးစားပြနေခြင်း :( :(

တကယ့်တကယ်ကြီးကိုအလုပ်ရူပ်နေခြင်း… :( :(

ရွာသို့ပြန်ရန်အတွက်အတွေးနက်နေခြင်း ! _ !

အချစ်အကြောင်းပို့စ်အား လျှာရှည်စွာဖြင့်ရေးပြီးမှ မိမိကိုယ်မိမိပြန်ရှက်နေခြင်း
(ရှက်ချင်ဟန်ဆောင်နေခြင်း) B-) B-)

အလွန့်အလွန်နှေးကွေးသော connection နှင့်နပန်းလုံးနေခြင်း @~@

စာဖတ်နေကျဘလော့များသို့ ပုံမှန်မသွားနိုင်စိတ်ညစ်နေခြင်း.. (`~`)

Gtalk သို့ဝင်ပြီးပွားချင်သော်လည်းမပွားနိုင်ခြင်း.. :( :(

ယားလို့တောင်မကုတ်အားသည့်အတွက် ယားသည့်နေရာများအား မှတ်ထားရခြင်း… :(

ထိုသို့ စိတ်သွားတိုင်ကိုယ်မပါသည့် အခြေအနေနှင့် လေထဲရောက်နေသော သဇင်ဏီမှာ ခေတ္တခဏ ၃ရက်ခန့်အွန်လိုင်းမှကွယ်လွန်မည်ဖြစ်ပါကြောင်း ကြိုတင်အကြောင်းကြားအပ်ပါသည်။

အချစ်နှင့်ပတ်သတ်၍ရောက်တတ်ရာရာအတွေးများ

ချစ်တယ်..ဆိုတဲ့စကားကိုလူတွေတော်တော်များများပြောကြတယ်..

အဲဒီအထဲမှာ ငါလည်းပါတာပဲ.. တကယ်တမ်းသေချာပြန်စစ်မယ်ဆိုရင်.. အဲဒီအဓိပါယ်ကိုငါကတော့ သေသေချာချာမသိပေမယ့် အဲဒီချစ်တယ်ဆိုတဲ့စကားကို ထပ်ခါတလဲလဲပြောနေပြန်သေးတယ်.. ဒါဆိုငါကညာနေသလိုများဖြစ်နေမလား…

ငါ….ဘယ်သူ့ကိုမှညာဖို့မရည်ရွယ်ပါဘူး..ဒါဆိုငါ့ကိုချစ်ပါတယ်လို့ပြောနေတဲ့သူတွေကရော ညာနေတာပဲလား… ဒါကထပ်ခါတလဲလဲတွေးမိတဲ့အကြောင်း..

ကိုယ့်ရဲ့ခံစားချက်တွေကို တတ်နိုင်သလောက်မျှဝေခံစားပေးတတ်တဲ့သူ..

ကိုယ်နဲ့တတ်နိုင်သလောက်အဖော်ပြုပေးတတ်တဲ့သူ.. ခံစားချက်တော်တော်များများမှာထပ်တူကျနေတတ်တဲ့သူ..

အဝေးမှာနေပေမယ့် အနီးမှာရှိတယ်လို့ ထင်ရလောက်အောင် ခံစားမိစေသူ…

အဲဒီသူမျိုးကိုတော့ ချစ်တယ်လို့ ငါပြောချင်ပြန်သေးတယ်..

တကယ်တော့ အချစ်ဆိုတာ.. ရယူခြင်းလဲမဟုတ်.. စွန့်လွှတ်ခြင်းလဲမဟုတ်…

အချစ်ဆိုတာ ချစ်နေဖို့ပဲလိုအပ်ပါတယ်… နင့်ဘေးမှာဘယ်သူတွေပဲရှိနေရှိနေ.. နင်..ငါမဟုတ်တဲ့တခြားတယောက်ကိုပဲရူးသွပ်နေပါစေ… ငါနင့်ကိုချစ်နေမယ်.. နင်ငါ့ကိုချစ်နေရင် ဒါဟာငါနားလည်တဲ့အချစ်တစ်ခု ဖြစ်သွားပြီ… ငါမဟုတ်တဲ့တခြားသူတွေကိုလဲနင်ချစ်ခွင့်ရှိတယ်.. ငါ့ရဲ့အတ္တကနင့်အတွက်မဟုတ်ပါဘူး.. ငါနင့်ကို ဖြူစင်စွာနဲ့ပဲချစ်နေတယ်..

ဘာရယ်မဟုတ်.. အချစ်နဲ့ပတ်သက်လို့ ခံစားမိသမျှလေးကိုရေးမိတာပါ..

ဘာရယ်မဟုတ်ဘဲ ထပ်ပြီးစပ်စုချင်ပြန်သေးတယ်.. အချစ်နဲ့ပတ်သတ်ပြီး ကျွန်မရဲ့(ဦးလေးလို့ခေါ်တာကို မကြိုက်တဲ့) ကိုကြီးဂူဂူး.. ဦးလေးသင်္ကြန်နဲ့ ခပ်ပေါပေါသယ်ရင်းလေးမောင်မျိုးတို့ ဘယ်လိုခံစားကြသလဲလို့..

လေထဲကငါ

ကောင်းကင်တစ်ခုလုံးမှောင်အတိ..မိုးတွေရွာချတော့မယ်…

ငါ့မှာတောင်ပံတစ်စုံရချင်တယ်… ငှက်တစ်ကောင်မဖြစ်ချင်ဘူး…ဝေဟင်ပေါ်ကိုပျံချင်တယ်…

တ၀ုန်းဝုန်းရွာနေတဲ့ မိုးရေတွေကြားထဲမှာ ငါပျံသန်းချင်တယ်….

လူတွေကမျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်တဲ့.. ပြီးတော့ မျှော်လင့်ရင်းနဲ့ပဲ သေဆုံးကြပြန်တယ်ဆိုပဲ…

ဒါဆိုငါကရော.. မျှော်လင့်ချက်မရှိတဲ့ ငါ့အနေနဲ့ရော....

ငါ့ကိုငါသတ်သေကြည့်မယ်.. ဘယ်သူငါ့အတွက် ၀မ်းနည်းမလဲ… ဘယ်သူငါ့အတွက်ငိုကြွေးမလဲ… ဘယ်သူငါနဲ့အတူတူလိုက်သေမလဲ.. ငါ့ကိုအရမ်းချစ်ပါတယ်လို့ တဖွဖွပြောနေတတ်တဲ့ သူတွေ ငါ့နောက်ကိုလိုက်ခဲ့မလား… အဲဒါတွေကို ငါမမျှော်လင့်ပါဘူး…

ဘာအတွက်အသက်ရှင်လဲလို့ ထပ်ခါထပ်ခါမစဉ်းစားတော့ဘူးလို့ ဆုံးဖြတ်ရင်းနဲ့ပဲ အဲဒီအကြောင်းကိုပဲတွေးနေမိပြန်တယ်…

မျက်ရည်….ဘယ်တော့မှမကျဘူးလို့တွေးလိုက်တိုင်းမှာလဲ ငါငိုနေတုန်းပဲ…

အမှောင်ကိုကြောက်တဲ့ငါက အမှောင်ထဲမှာအသံမထွက်ပဲ ကြိတ်ပြီးငိုနေရတာကို အရမ်းနှစ်သက်နေမိပြန်တယ်…

ငိုပြီးတဲ့အချိန်မှန်ထဲမှာ ပြန်မြင်ရတဲ့ ငါ့မျက်လုံးတွေက ငါ့ဘ၀အဓိပါယ်အနည်းငယ်ရှိကြောင်းကို ပြောပြနေသလိုပဲ…လူတွေကိုမမုန်းတဲ့ငါက လူတွေနဲ့အခုထိအသားမကျသေးပြန်ဘူး..

ငါ…. တယောက်တည်း လောကကြီးအပြင်ဘက်ကို ရောက်နေသလိုခံစားရတယ်…

ငါပိုင်ဆိုင်ရတဲ့ဘ၀တစ်ခုကို ငါမကျေနပ်ဘူး..

မြေကြီးပေါ်မှာရပ်နေတာသတိမရသေးသရွေ့တော့ ငါကလေထဲမှာပေါ့

အင်တာဗူးခြင်း

boxxx : နာမည်လေးကဘူတုန်းကွဲ့

girl : မီးလား… ချိုကလျာညိုပြာညက်ပါ ဥဥ.. မီးလို့ခေါ်လဲရပါတယ်

boxxx : အော်..အေး…အဟေးဟေး…မီးလေးက ဘာတွေလုပ်တတ်တုန်းကွဲ့..

girl : မီးက မိန်းမအလုပ်မှန်သမျှအကုန်လုပ်တတ်ပါတယ်ဥဥ

boxxx : အယ်..ကောင်းလိုက်တာကွယ်…ပညာအရည်အချင်းကရော

girl : ၈တန်းအောင်ပါဥဥ..မီးပညာအရည်အချင်းနဲ့ဒီရာထူးနဲ့အံကိုက်ဖြစ်ပါ့မလားမသိနော်ဥဥ

boxxx : အို..ပညာအရည်အချင်းကပိုတောင်ပိုနေသေးပါတယ်ကွယ်…
အတွင်းရေးမှူးဆိုတော့မီးပညာအရည်အချင်းနဲ့အံကိုက်ပါကွယ်…နော်.
မတ်တပ်လေးရပ်ပြီး လမ်းလေးလျှောက်ပြပါလားကွယ်..

girl : ဟုတ်..ရပါတယ်…သီချင်းပါဆိုပြလိုက်ဦးမှာ..
x x x x ခါးလေးလူပ်ခါလမ်းလျှောက်သွားရင် ကောင်လေးတွေကြည့်မယ် x x x x x x x

အင်း.. အခန်းထဲမှာ အင်တာဗူးနေတာတော့ဟုတ်နေကြပြီ… အပြင်မှာ certificate တထပ်ကြီးနဲ့ ထိုင်စောင့်နေတဲ့ ဂတုံးမလေးကတော့ စိတ်ပျက်အားလျော့တဲ့မျက်နှာနဲ့ လေးကန်တဲ့ခြေလှမ်းတွေနဲ့အတူ ထထွက်သွားပါတော့တယ်.... သေချာတယ်လေ.. သူဒီအလုပ်ရမှာမဟုတ်တော့ဘူး.. လောလောဆယ်မှာသူကဂတုံးဖြစ်နေတယ်…ဆံပင်မရှိဘူး..
ပြီးတော့ ဟို၈တန်းအောင်ကောင်မလေးလို မလှဘူးလေကွယ်..

ဘာရယ်မဟုတ်ပါဘူး.. လွန်ခဲ့တဲ့ ၅နှစ်ကျော်..ကျွန်မဂတုံးဖြစ်တဲ့အချိန်တုန်းက ခံစားရတာလေးကို ပိုပိုသာသာလေးပြန်ရေးလိုက်တာ.. :P

မြှားနတ်မောင်ရေးတဲ့၂၀၀၈ဖူးစာ (ဇာတ်သိမ်း)

စိတ်ညစ်ညစ်နဲ့ ရေဗူးထဲကရေတချို့ကို မော့သောက်လိုက်တယ်…

ဟော..နောက်တယောက်… အဖြူရောင်နှင်းဆီပန်းစည်းနဲ့.. ကားလမ်းကိုဖြတ်ကူးလာနေတယ်.. အယ်… ဒီဘဲလေးကတော့ အမိုက်စားလေးပဲ…

အဝေးကကြည့်တော့ လမ်းလျှောက်ပုံက Brad Pitt လိုလိုဘာလိုလိုနဲ့.. ဟော.. နည်းနည်းလေးနီးလာတော့ Tom Cruise နဲ့ဆင်သလိုလိုပဲ… ကျွန်မသူ့ကို မျက်လုံးအပြူးသားနဲ့ ကြည့်နေတာကိုတွေ့တော့ ပြုံးပြလိုက်တဲ့အပြုံးက Leonardo Di Caprio လိုအပြုံးလေး…ဟား… ကြိုက်တွားပီ… ဒါမျိုးလေးဆိုရင်တော့ အမိုက်စားလေးပဲ… ကျွန်မလက်ထဲကပန်းသီးကို ယောင်ယမ်းပီး ညှစ်မိတယ်… ဒီပန်းသီးလေးကို သူ့ကိုပဲပေးလိုက်တော့မယ်လို့စိတ်ကူးလိုက်မိတယ်… အဲဒီအချိန်မှာပဲ…

“ကို…ကြာလိုက်တာကွာ.. ဒီမှာစောင့်နေတာကြာလှပြီ” ဆိုတဲ့ ကနွဲ့ကလျအသံလေးနဲ့အတူ ခပ်ချောချောကောင်မလေးတစ်ယောက်က အဲဒီကိုယ်တော်ချောလက်မောင်းကိုမှီခိုပြီး အတင်းဆွဲခေါ်သွားပါတယ်.. ဘယ်ကိုလဲတော့မသိ…

ဟူး… လေပူတစ်ချက်ကိုထပ်ပြီးမူတ်ထုတ်မိတယ်.. ခွေးကောင်လေး.. မြှားနတ်မောင်စုတ်… ဘယ်ချောင်ရောက်နေလဲမသိ.. ပြောတော့ ခဏစောင့်ဆိုပြီးတော့..

"ဆောတီးဂျာ.. ကျွန်တော်ခင်ဗျားဖူးစာရှင်ကိုရှာမတွေ့ဘူးဖြစ်နေတယ်.. အားတော့နာတယ်ဂျာ..
ဟိုလေ.. ကျွန်တော် မရှာပေးတော့ဘူးနော်.. နောက်နှစ်မှပဲရှာပေးတော့မယ်..နော် .. နော်….”

“ဘာ.. ဘယ်ရမလဲ..နင်ပဲငါ့ကိုအစလာလုပ်တာလေ.. မရဘူး..ရှာပေးဟာ.. ခုရှာပေး.. “

“အာဂျာ..တွေ့မှမတွေ့တာကို… ကျွန်တော့်မှာ တာဝန်တွေအများကြီးရှိသေးတယ်ဂျ…
သွားတော့မယ်နော်.. တာ့တာ” ဆိုပြီးအတောင်ပံတွေ တဖျပ်ဖျပ်ခပ်ပြီး ပျံထွက်သွားတယ်…

နောက်တစ်နေ့သတင်းစာထဲမှာ ပါလာတဲ့သတင်းလေးတစ်ခုက
ယမန်နေ့က သံဈေးရှေ့တွင် အရူးမကြီးတယောက် စိတ်ဖောက်ပြန်
၍ ဟိုဟိုဒီဒီပြေးလွှားနေရာမှ ကားလမ်းကိုဖြတ်၍အပြေးတွင် လမ်းကြိတ်စက်နှင့်တိုက်မိ၍ သေဆုံးသွားကြောင်း၊ အဆိုပါအရူးမကြီး၏ဘောင်းဘီအိတ်ကပ်ထဲမှ မှတ်ပုံတင်ကဒ်ပြားအရ အရူး၏ အမည်၊ အသက်၊ အလုပ်အကိုင်နှင့် လိပ်စာမှာ အောက်ပါအတိုင်းဖြစ်သည်ဟု သိရှိရပါကြောင်းနှင့် ၄င်းနှင့်သက်ဆိုင်သူများအား အမြန်ဆုံးလာရောက်ဆက်သွယ်စေလိုကြောင်း နှင့် ၄င်းစိတ်ဖောက်ပြန်သူ၏ စုတ်ပြတ်နေသော ရုပ်ကလပ်အား ရေဝေးအအေးတိုက်တွင်ထားရှိပါကြောင်း

အမည်-သဇင်ဏီ

အသက်-၆၃နှစ်

အလုပ်အကိုင်-အရူး

နေရပ်လိပ်စာ-ကောင်းကင်ဘုံရှိတိမ်တိုက်တစ်ခု

မြှားနတ်မောင်ရေးတဲ့၂၀၀၈ဖူးစာ

“ဟေ့..ထ.ထ..အိပ်ပုပ်ကြီးလိုက်တာဂျာ..နေ့ခင်းကြောင်တောင်ကြီးလဲအိပ်နေတယ်” ဆိုတဲ့အသံပုစိကွေးကြောင့် အိပ်မောကျနေရာကနေ လန့်နိုးလာပါတယ်…

မျက်စိနှစ်လုံးကိုပွတ်ပြီးကြည့်လိုက်တော့ အရောင်တွေတလက်လက်ထွက်နေပြီး တောင်ပံတွေတဖျပ်ဖျပ်နဲ့ မြားနတ်မောင်ကလေး..

“လာ..သွားကြမယ်…”

“အမ်..ဘယ်ကိုတုန်း..”

“၂၀၀၈ရောက်ပီလေ.. ခင်ဗျားလေးအတွက် ဖူးစာရှင်ကိုပစ်ပေးတော့မယ်..”

“ဗုဒေါ..နင့်ကိုဘယ်သူကရှာခိုင်းလို့တုန်းဟဲ့…ရူပ်တယ်.မပစ်နဲ့..မလိုချင်ဘူး..”

“မရဘူးဂျာ.. ခုခင်ဗျားကိုစပစ်ပြီ”
ပြောပြောဆိုဆို “ချွင်” ဆိုတဲ့အသံလေးနဲ့အတူ သူ့မျှားသေးသေးလေးနဲ့ ကျွန်မကိုပစ်လိုက်ပါတယ်..

“ကဲ..သွားကြစို့..”

“အင်းလေ..ငြင်းမရတော့လဲ သဘောရှိပေါ့ကွယ်” ဆိုပြီး ကျွန်မလဲဘောင်းဘီတိုကြီးနဲ့သူ့နောက်လိုက်လာပါတယ်.. သူက ပန်းသီးတစ်လုံးနဲ့ရေတစ်ဘူးယူခဲ့ဆိုလို့ အပြေးအလွှားနဲ့ယူခဲ့ရသေးတယ်

သံဈေးရှေ့မှာ ငုတ်တုတ်ထိုင်မိတယ်.. သူက “ခဏစောင့်နေနော်.. ခင်ဗျားဖူးစာရှင်ကိုသွားပစ်လိုက်ဦးမယ်.. ပြီးရင်အဲဒီလူကခင်ဗျားဆီလာလိမ့်မယ်.. အဖြူရောင်နှင်းဆီတွေနဲ့အတူပေါ့.. ဒါဆိုရင် ခင်ဗျားလက်ထဲကပန်းသီးကို သူ့ကိုပေးပြီး ရေတစ်ဝက်ကိုမော့သောက်လိုက်. ပြီးရင်ကျန်တဲ့တ၀က်ကိုသူ့ကိုတိုက်လိုက်..ခင်ဗျားတို့ကစစ်မှန်တဲ့ဖူးစားရှင်တွေဖြစ်သွားလိမ့်မယ်” တဲ့…

“အိုးခေ.. ငါမျှော်နေမယ်..”

သူပျောက်သွားပြီး ၁၀မိနစ်လောက်အကြာမှာပဲ အဝေးကနေနှင်းဆီဖြူတွေတပွေ့ကြီးနဲ့ လူတစ်ယောက်ကျွန်မဆီကိုတည့်တည့်လျှောက်လာနေတယ်.. ဘုရား…ဘုရား..ဘယ်လိုလူများဖြစ်နေမှာပါလိမ့်.. မျက်နှာကိုနှင်းဆီတွေနဲ့ကွယ်နေတော့ မမြင်ရဘူးဖြစ်နေတယ်.. နှင်းဆီတွေကိုကိုင်ထားတဲ့လက်ကတော့ တော်တော်မည်းတယ်.. ဒုတ်ခ.. အဲဒီအချိန်မှာပဲ နှင်းဆီတွေကိုသူ့မျက်နှာရှေ့ကဖယ်လိုက်တော့.....

ဘုရားရေ.. မဲမဲပြဲပြဲကြီး…အဲ…ဟုတ်ပါဘူး..၀၀တုတ်တုတ်မျက်နှာမဲမဲပြဲပြဲကြီး … ကျွန်မရဲ့ကိုယ်ကိုကျုံ့လိုက်မိတယ်.. ဘောင်းဘီအိပ်ကပ်ထဲမှာထည့်ထားတဲ့ပန်းသီးကိုယောင်ပြီးစမ်းမိတယ်.. ကျန်လက်တစ်ဖက်မှာကိုင်ထားတဲ့ရေဗူးကိုညှစ်မိတယ်… အသားမဲမဲဗိုက်ရွှဲရွှဲနဲ့လူက ကျွန်မဆီကိုတည့်တည့်လျှောက်လာနေတယ်…

“ငါတော့ဒီတစ်ခါနဲ့တင်သေပြီကွာ” လို့ခပ်တိုးတိုးတကိုယ်တည်းရေရွတ်မိတယ်… အဲဒီလူက ကျွန်မကိုကျော်ပြီး နောက်က လှေကားပေါ်ကိုတက်သွားပါတယ်.. ဟူး.. သက်ပြင်းတစ်ချက်မူတ်ထုတ်ပြီး အသက်ပြင်းပြင်းရှူလိုက်မိတယ်…

(ဆက်ရန်ရှိသည်)