အိပ်မက်တွေထဲနစ်မြုပ်နေသူ
ငါ… စိတ်ကူးတွေနဲ့ ထင်ရာစိုင်းပြီး အိပ်မက်တွေ တစ်တိုင်ပြီးတစ်တိုင် စိုက်ထူနေမိတယ်…
လောကကြီးကို အရွဲ့တိုက်ပီး လေလွင့်ခဲ့တဲ့ငါ.. အိပ်မက်တွေက လန့်နိုးတော့ အမှားတွေအပြည့်နဲ့ပေါ့….
အမှန်ပြင်နိုင်အောင် ကြိုးစားနေရင်းနဲ့ပဲ အမှားတွေကြားထဲမှာပဲ နစ်မြုပ်နေပြန်တယ်..
ကယ်တင်ရှင်တစ်ယောက်လာပါလို့ အရူးတစ်ယောက်လို ငါမတောင့်တပါဘူး..
အဲဒီကယ်တင်ရှင်ကလဲ င့ါကိုအမှားတွေထပ်လုပ်ဖြစ်အောင် တိုက်တွန်းမယ့်သူဖြစ်နေဦးမယ်..
ဒီလို ယောင်ချာချာအတွေးတွေနဲ့ငါက အိပ်မက်မရှိ.. လမ်းမရှိ.. ရည်ရွယ်ချက်မရှိတဲ့ (ငါ့ကိုယ်ငါသိနေခဲ့တဲ့) အပေတေဖြစ်မှန်းမသိ ဇြစ်နေခဲ့တယ်
ပြန်လှည့်ကြည့်မိတော့… စိုက်ထူခဲ့တဲ့ အိပ်မက်တိုင်တွေကလဲ အကျိုးအပဲ့တွေနဲ့ ငါ့ကိုလက်ညှိုးထိုးလို့ အပြစ်တင်နေကြတယ်… ငါ့ကိုအပြစ်မတင်ကြပါနဲ့..
ဒီလိုဆက်သွားနေတဲ့ ငါ့ဘ၀ကိုလဲ ငါငြီးငွေ့လှပါပြီ… ဖြစ်နိုင်ရင် အရာအားလုံးအဆုံးသတ်ဖို့အတွက် င့ါဘ၀ကို အဆုံးသတ်ချင်ပါရဲ့.. ခနတာမဟုတ်ဘဲ ထာဝရ ငြိမ်းချမ်းခွင့်ပေးပါ.. ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင
ကဲ..မထူးတော့ပါဘူး..အဲဒီအိပ်မက်

