မေတ္တာ
တခုသော ညနေခင်းတခု၏ပန်းခြံအတွင်းတွင် အဘိုးအိုနှင့်အဘွားအို ၂ဦးလမ်းလျှောက်နေကြသည်။ ခနကြာသော် အဘွားအိုသည် ရုတ်တရက်လဲကျသွားသည်။
ထိုအခါအဘိုးအိုက ပြာပြာသလဲဖြင့် အဘွားအိုအား ထူမပေးရန်ကြိုးစားသည်။ အဘွားအိုသည် အကြောက်အကန်ငြင်းဆန်ကာ မြေပြင်မှ မထဘဲရှိသည်။ ထိုသို့ အဘိုးအိုက အတင်းဆွဲထူ၊ အဘွားအိုက အကြောက်အကန်ငြင်းနှင့် မိနစ်များအနည်းငယ်ကြာသော် ပန်းခြံအတွင်းမှ လူတစ်ချို့မှာ ၄င်းတို့ ၂ဦးအား မည်သို့မည်ပုံဖြစ်သည်ကိုမေးမြန်
"အမလေး.. သူ့အသက်အရွယ်နဲ့ ကျုပ်လိုအလေးအပင်ကို မချင် ထူချင်သေးတယ်… တော်ကြာ သူတစ်ခုခုဖြစ်သွားရင် ကျုပ်ရင်ကျိုးရပါချည်ရဲ့" တဲ့
အဲဒီ စာစုလေးကို မောင်ကောင်းထိုက် (နှီးပဒေါ) ရဲ့ ဟာသပဒေသာထဲက ဖတ်မိထားတာပါ..
ကျွန်မကတော့ ဟာသလို့မမြင်မိပါဘူး.. လူတစ်ဦးတစ်ယောက်ရဲ့ လေးနက်တဲ့ မေတ္တာဓါတ်ကို ခံစားလို့ရလို့ အမှတ်တရ သိမ်းထားလိုက်တဲ့သဘောပါ..
