9:46 PM
Posted by
သဇင်ဏီ
အချစ်သည် လူ၏စိတ်ကိုနူးညံ့စေသည်
အချစ်သည် လူ၏စိတ်ကိုကြမ်းတမ်းစေသည်
အချစ်သည် ချိုသာသောစကားများကိုပြောစေတတ်သည်
အချစ်သည် ရိုင်းစိုင်းသောစကားများကိုလည်း ပြောစေတတ်သည်
အချစ်သည် တခါတရံအလွန်ပျော်ရွှင်မှူကိုပေးစွမ်းနိုင်သည်
အချစ်သည် တခါတရံ စိတ်ဆင်းရဲမူများကိုလည်း ပေးစွမ်းနိုင်သည်
အချစ်သည် သည်းခံခွင့်လွှတ်ခြင်း၊အနစ်နာခံခြင်းစသော စိတ်ထားများကိုဖြစ်ပေါ်စေသည်
အချစ်သည် ကောက်ကျစ်ခြင်း၊အနိုင်ယူလိုခြင်းစသော ယုတ်ညံ့သည့်စိတ်ထားများကိုဖြစ်ပေါ်စေသည်
ထိုသို့..ထိုသို့.. နှစ်ဘက်ချွန်သော အရာများနှင့်ဘာမှန်းမသိသော အရာကို အချစ်ဟုကျွန်ုပ်သတ်မှတ်ပါသည်..
ထိုသို့ဘာမှန်းမသိသောအရာကို ရူးသွပ်သူများတွင်လည်း ကျွန်ုပ်အပါအ၀င်ဖြစ်နေပြန်ပါသည်
4:35 PM
Posted by
သဇင်ဏီ
မိုးစက်တွေ တ၀ုန်းဝုန်းကျနေတဲ့ မီးရောင်မရှိတဲ့ ဟိုင်းဝေးကားလမ်းမပေါ်မှာ ကျွန်မ တစ်ယောက်တည်း…
ကြောက်ရွံ့အားငယ်စိတ်နဲ့အတူ တွေးမိနေတာက ဒီနေရာမှာ ဘယ်သူကများ ငါ့ကို ဒီလိုရက်ရက်စက်စက်စွန့်ပစ်ခဲ့ပါလိမ့်ဆိုတဲ့အတွေးမျိုးပါ..
လျှပ်စီးလက်တာကိုတောင် သေမတတ်ကြောက်တတ်တဲ့ ကျွန်မက မိုးကြိုးပစ်သံတွေကြားထဲမှာ အသက်ပျောက်မတတ်ဖြစ်နေရပြန်တယ်...
ခပ်ကြမ်းကြမ်းတိုက်တဲ့လေတွေကလဲ ကျွန်မရဲ့ပိန်ကပ်ကပ်ခန္ဒာကိုယ်လေးတောင် လွင့်သွားမတတ်ပါပဲ...
ခပ်ဝေးဝေးမှာ ကားငယ်လေးတစ်စီးရဲ့ မီးရောင်ကို မြင်နေရတယ်.. အတော်ပဲ ...ကျွန်မတစ်ယောက်တည်း ဒီလိုယောင်ချာချာဖြစ်နေမယ့်အတူ အကူညီပေးမယ့်သူ တစ်ယောက်လောက်ရှိရင်တော့ အဆင်ပြေတန်ကောင်းပါရဲ့လို့ စိတ်ကူးပီး ကားငယ်လေးကို လက်ပြပီး လှမ်းတားမိတယ်..
ကျွန်မနဲ့အသက်ရွယ်တူလောက်ရှိမယ့် အဲဒီကားကို မောင်းလာတဲ့ ခပ်ချောချောကောင်လေးက နိုင်ငံခြားမင်းသားတွေလို အပြုံးမျိုးနဲ့
ကျွန်တော်ဘာကူညီပေးရမလဲ တဲ့.. ကျွန်မလဲ ကားကြုံလိုက်ချင်တဲ့ အကြောင်းကို ခခယယလေးပြောလိုက်ပါတယ်..
သူက အိုကေလေ.. ကိုယ်ကူညီမှာပေါ့.. လာပါ..ကားပေါ်တက်လေ.. အပြင်မှာ အရမ်းအေးတယ်.. မိုးတွေလဲ စိုရွှဲနေတာပါပဲလား ဆိုပီး နူးညံ့တဲ့ မျက်လုံးတွေနဲ့ကြည့်ရင်းနဲ့ စကားလှမ်းပြောပါတယ်.. ကျွန်မလဲ ၀မ်းသာအားရနဲ့ ကျေးဇူးတင်ကြောင်းပြောဖို့ အလှဆုံးပြုံးပြလိုက်တယ်ဆိုရင်ပဲ
သရဲ.. သရဲ ဆိုပီး သူကမျက်လုံးကြီးကိုပြူး.. လက်ညှိုးထိုးပီး ကားကို တလကြမ်းမောင်းပြေးသွားတယ်..
အော်..ခက်တာပဲ.. သူသရဲလို့ထင်တဲ့ ကျွန်မမျက်နှာက သူ့လောက်ကြောက်စရာမကောင်းပါဘူးလေ.. တကယ်ဆိုသူသာ သရဲဖြစ်သင့်တာ...
စိတ်ညစ်ညစ်နဲ့ အော်ရယ်ပစ်လိုက်တုန်းရှိသေး.. လျှပ်စီးတွေလက်ပြီး မိုးကြိုးပစ်သံကြားလို့ အရယ်ရပ်ပီးရုပ်သေလေးနဲ့ ပြန်ကြောက်ရပြန်သေးတယ်..
ဟော.. ခပ်ဝေးဝေးက လာနေတဲ့ နောက်ထပ်ကားမီးရောင်တစ်ခု.. ကားက အရှိန်နှေးနှေးလေးနဲ့ တဖြည်းဖြည်းချင်း မောင်းလာတဲ့ ပုံပါပဲ.. ကျွန်မလဲ လက်ပြပီး တားမိတယ်. ဘီးလှိမ့်တယ်ဆိုရုံပဲလို့ ထင်ရလောက်အောင် နှေးကွေးလွန်းတဲ့ မောင်းနူန်းနဲ့.. အင်း.. ဒီအရှိန်မျိုးနဲ့ဆို ကားတံခါးဖွင့်ပီးတောင် ၀င်ထိုင်လို့ရတယ်. မထူးပါဘူးလေဆိုပီး ရှေ့တည့်တည့်ရောက်လာတဲ့ ကားတံခါးကို ဆွဲဖွင့်ပီး ခပ်တည်တည်ပဲ ၀င်ထိုင်ပစ်လိုက်တယ်.. ပီးတော့ ကားမောင်းသူကိုလှည့်ပီး ကျေးဇူးတင်ကြောင်းပြောမယ်လို့ စိတ်ကူးပီး အလှည့်မှာ.. ဘုရားရေ.. ကားက မောင်းတဲ့သူမရှိပါလား.. ဗုဒေါ.. ကားကလဲ ပုံမှန်အတိုင်းပဲ ခပ်ဖြေးဖြေးသွားနေတုန်းပဲ.. ကျွန်မတော့ ဒုတ်ခရောက်ပီထင်ပါရဲ့.. သရဲများလား..
ကြောက်စိတ်နဲ့ အတူ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာတယ်.. ဘာလုပ်ရမလဲ.. ကားပေါ်က ပြန်ဆင်းရမလား.. တော်ကြာ ကျွန်မကားပေါ်က ဆင်းလိုက်မှ အနောက်ကနေ အဲဒီသရဲဆိုတဲ့ အကောင်က လာပီးခြောက်ရင် ကြောက်လွန်းလို့ ကျွန်မသေရချည်ရဲ့.. မထူးပါဘူး . ဒီအတိုင်းပဲ ဆက်ထိုင်နေလိုက်တော့မယ်လို့ စိတ်ဆုံးဖြတ်၊ မျက်လုံးစုံမှတ်ပီး အလွတ်ရတဲ့ မေတ္တာသုတ်ကို အော်ရွတ်ပစ်လိုက်တယ်ဆိုရင်ပဲ..
ဟိတ်..ငါ့ကားပေါ်မှာ ဘာတွေဝူးဝူးဝါးဝါး လာအော်နေတာလဲ
ဒီမှာကားစုတ်ကပျက်နေလို့ နောက်ကနေ တစ်ယောက်တည်းတွန်းရတာ ပင်ပန်းရတဲ့ကြားတဲ့ မင်းက ကားပေါ်အခန့်သားထိုင်ပီး ဘာတွေလျှောက်အော်နေတာလဲ တဲ့
အသက်၆၀လောက်ရှိမယ့် အဘိုးအိုတစ်ဦးက ကျွန်မကို စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်နေလေရဲ့