လူသားမဆန်သေးပါ

ငါ..ဘယ်သူ့ကိုမှနားလည်ဖို့ မကြိုးစားခဲ့သလို
ငါ့ကိုယ်ငါတောင် ဘာမှန်းသေချာနားမလည်ပြန်ဘူး..
အဲဒီတော့ ငါက ခံစားချက်မဲ့သူဖြစ်နေပြန်ရော…

ငါလိုအပ်နေတာဘာလဲ..
အသက်ရှင်နေတာဘာလဲ…
တွေးလေအဓိပ္ပါယ်မဲ့လေနဲ့...
အများပြောသလိုပဲ လမ်းပျောက်ပြီး လမ်းမှားရောက်နေသူများလား..

အဲ့ဒီလိုတော့မဖြစ်ချင်ပါဘူး...
တစ်ချိန်ကနင့်ကိုပြောခဲ့သလိုပေါ့..
ငါအသက်ရှင်နေတာနင့်အတွက်ပါဆိုတာမျိုး..

အဲဒါဘာအဓိပ္ပါယ်လဲလို့လာမမေးနဲ့..
ငါကိုယ်တိုင်တောင်အဖြေမရှိဘူး..
အသည်းတွေကလဲ ကွဲရပါများလို့
အသည်းပဲကွဲနေချင်ပြန်တယ်ဆိုရင် နင်ယုံမလား...

ဘာမှန်းမသိတာတွေနဲ့ပဲ.. ငါ့အသည်းကိုထပ်ကွဲချင်တာနဲ့ပဲ
ငါနင့်ကိုထားခဲ့မယ်ဆိုရင် နင်ကျေနပ်ပါ.....

ဒါပေမယ့် ဘယ်သူမှနားမလည်သေးတဲ့
ငါကိုယ်တိုင်ကောင်းကောင်းနားလည်ထားတဲ့
ခံစားချက်တစ်ခုငါ့မှာရှိတယ်...

နင့်အတွက်လို့တော့ မထင်လိုက်နဲ့နော်...
ဒါပေမယ့်..ဘယ်သူ့ကိုမှလဲ ငါမပြောပြတော့ဘူး...

6 comments:

ဖိုးစိန် said...

လူသားမဆန်ဘူးလို့ ထင်နေသေးတာ
လူသားဆန်ဆန်အတွေးမို့ ပါ..
အဟားး..
စဉ်းစားကြည့်တာပါ..
စိတ်မဆိုးပါနဲ့ 
ခင်မင်တဲ့
ဖိုးစိန်

သီဟသစ် said...

အသည်းတွေကလဲ ကွဲရပါများလို့
အသည်းပဲကွဲနေချင်ပြန်တယ်ဆိုရင် နင်ယုံမလား...

အဲဒါကလည်း ဖီလင်တစ်မျိုးပဲ ဆိုတော့ ဟုတ်ရင်ဟုတ်နေမှာ။

အန်တီချမ်း said...

စိတ်ညစ်ပါတယ် အေ တို့ ရယ်
လူတိုင်းက အသည်းတွေပဲကွဲနေကြတာပဲ
ဒီလူ့ဘ၀ ကြီးကို စိတ်ကုန်အောင်လာလုပ်နဲ့နော်
ရေးအုံးမယ်
ပျော်ရွှင်စွာပေါင်းကြလေသတည်း ဆိုပြီး
ဏီဏီ စာရေးထားတယ် တင်ပေးမယ်နော် မီး
သမီးလဲ စိတ်တွေ သိပ်ညစ်မနေပါနဲ့
ယောက်ျားတွေကကောင်းဘူး
တီပြောတာယုံ
word verification get rid of it
it makes US difficult to comment ur posts

mgnge said...

အသည်း ကွဲ ဒရ် ဆို တာဘာလည်း ဟင်...။
မတိရို့ ဘာ..။သား က ကလေးဆိုတော့တီဘူးဂျ..။

LWAN NAING said...

များလှကြီလားဒေါ်သဇင်ဏီ ယောက်ျားတွေကမကောင်းဘူးတဲ့ဟုတ်လို့လာဗျာ မိန်းမတွေရောအလုံးကောင်းနေလို့လား မဆိုးဘူးနော် ၀ါဒီတွေကအလန်ပဲ


ဟိဟိ

မောင်နွေသစ် said...

အသည်းတွေကလဲ ကွဲရပါများလို့
အသည်းပဲကွဲနေချင်ပြန်တယ်ဆိုရင် နင်ယုံမလား...

ဖြစ်နိုင်တယ်နော်....ယောက်ျားလုပ်သူရဲ့..အဆူအရိုက်ကိုခံနေကြ မိန်းမဟာ...သူ့ယောက်ျား...မဆူမရိုက်တဲ့နေ့ဆို... တစ်ခုခုလိုနေသလိုခံစားရပြီး...နေမထိထိုင်မသာဖြစ်တက်သတဲ့...အင်း..အဲဒါမျိုးပဲဖြစ်မယ်ထင်တယ်နော်...။