မှားနေ...
ညနေခင်းတခုမှာ ငါတစ်ယောက်တည်းလမ်းလျှောက်ထွက်လာတယ်…
သာယာနေတဲ့ရာသီဥတုအောက်မှာ မသာယာတာက ငါတစ်ယောက်ပါလားလို့ စိတ်ပျက်လက်ပျက်အတွေးနဲ့ပန်းခြံလေးထဲမှာ ထိုင်မိတယ်..
ငှက်ကလေးတစ်ကောင်ငါ့ဘေးကိုရောက်လာတယ်..
“တစ်ယောက်တည်း အထီးကျန်နေသလားတဲ့”.. သူငါ့ကိုတိုးတိုးလေးမေးတယ်..
“မဟုတ်ပါဘူး.. ငါအသည်းကွဲနေတာပါ”…ဆိုတော့ သူကရီတယ်..
ပီးတော့ သူက သီချင်းတစ်ပိုဒ်ဆိုပြတယ်…. ခပ်တိုးတိုးလေးပါပဲ..
“ ဒါတွေကတစ်ကယ်တော့မှား..
မင်းပဲရခဲ့ရဒဏ်ရာ…
နင်ကိုယ်တိုင်တောင်အချစ်တွေကိုယုံစားခဲ့လို့လား“ တဲ့

4 comments:
အနာမကျတ်သေးဘူးထင်ပ :)
တီချမ်းနဲ့သဇင်
အသည်းတွေများ အပြိုင်ကွဲနေကြသလားကွယ်?...
အသည်းလေးကွဲကာ မျက်ရည်တွေနဲ့ပေါ့...
ငှက်ကလေးက ဖြေသိမ့်ပေးတယ်ဆိုပဲ ကောင်းပါ့။
( ပထမဆုံး ဒီဘလော့မှာ မန့် ခြင်းပါ။ ကြိုက်၏ မကြိုက်၏ပြောပါ။ )
:D cheer!
သဇင်ဏီ....
စောင်းပြောနေတာလို့တောင်ထင်မိတယ်....
ပျော်ရွှင်ပါစေဗျာ....
အခုတလော ဘယ်သွားသွား ဘာလုပ်လုပ်..
တိုက်ဆိုင်မှုတွေက များလွန်းနေတယ်ဗျို့.....
ပျော်ရွှင်ပါစေဗျာ....
Post a Comment