iT’s aBoUt mE & mY bReAkFaSt oN 3rd Mar 2009

မနေ့ည ၇း၃၀ တည်းက မျက်နှာမသစ် ရေမချိုးဖြစ်ဘဲ အိပ်ပျော်သွားတာ ဒီနေ့မနက် ၈နာရီ (နေ့စဉ်ပုံမှန် alarm အသံကြားတော့) လန့်နိုး… snooze ၁၅ မိနစ်ထပ်ပေးပြီး နှပ်လိုက်သေးတယ်.. ၈း၁၅ မှာ alarm ထပ်မြည်ပါတယ်.. ဆက်အိပ်ရင်တော့ ရုံးချိန်တအားနောက်ကျပြီး salary deduction ထိမှာစိုးတာနဲ့ အိပ်ယာကနေထရပါတယ်.. ထုံးစံအတိုင်း ရေသောက်… မျက်နှာသစ်.. သွားတိုက်.. ရေချိုး.. ခေါင်းလျှော်ရကောင်းမလား.. အချိန်မီပါ့မလားစဉ်းစားရင်းနဲ့.. အိမ်သာတက်.. ရေချိုးခန်းထဲမှာပဲ အချိန် နာရီဝက်လောက်ကြာသွားတယ်.. ခေါင်းလဲမလျှော်ဖြစ်တော့ပါဘူး.

ပီးတော့ ကပျာကယာပဲ လှလှပြင်ရတာပေါ့.. ဒီနေ့တော့ စိတ်ကူးလေးတွေ ကောင်းနေတာနဲ့ပဲ ဒူးလောက်ရှိတဲ့ ထီးပုံစံစကပ်တိုတိုကို ၀တ်ဖြစ်ပါတယ်.. စိတ်ကူးလှလှလေးတွေနဲ့ပဲ ဆံပင်ကို ကျစ်ဆံမြီး ၂ဘက် ခပ်မြန်မြန် ခွဲကျစ်ဖြစ်သေးတယ်.. အင်း.. မဆိုးပါဘူး..လှသွားပီပေါ့.. ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်… high heel လေးစီးလိုက်ရင်တော့ perfect ပဲဆိုတဲ့စိတ်ကူးနဲ့ ဒေါက်ဖိနပ်ကိုစီးပြီး ရုံးကို အသည်းအသန်ပြေးရပါတယ်..

ရုံးအောက်ရောက်တော့ ၉း၁၅.. ခါတိုင်းလိုပဲ စားနေကျ breakfast ဖြစ်တဲ့ nasi lamek (မလေးအစားအစာ) ၀ယ်ဖို့ restaurant ထဲဝင်. Fridge ထဲ coke တစ်ဗူးဆွဲထုတ်.. ကျသင့်ငွေကိုရှင်းဖို့ ကောင်တာဘက်အလှည့် မျက်ဝန်းထဲမှာ ဖျတ်ခနဲတွေ့တာက စားပွဲဝိုင်းတွေမှာထိုင်နေသူတော်တော်များများက ကျွန်မကိုကြည့်နေတယ်ဆိုတာ..

စိတ်ထဲမှာ တစ်မျိုးတော့ဖြစ်သွားတယ်.. အင်း.. ခါတိုင်းလဲ ဒီလိုပါပဲလေ.. ကျွန်မကို လိုက်ကြည့်တတ်တဲ့သူတွေက အမြဲလိုလိုတွေ့နေရတာပါပဲ.. ကျွန်မကလှတာကိုး.(ဟဲ.ဟဲ.မယုံဘူးဆိုရင် ကျွန်မရဲ့ အရင်ရည်းစားဟောင်းတွေကိုမေးကြည့်ပါ.. သူတို့မှာကျွန်မနဲ့တွဲသွားတိုင်း အကြည့်ခံရလွန်းလို့ ကြိတ်ပြီး ကျေနပ်တဲ့သူတွေတောင်ရှိသေး :P)

ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်ပြီး စိတ်ထဲကနေတောင် ကြိတ်ပြီးပြုံးလိုက်သေးတယ်.. ပိုက်ဆံပြန်အမ်းဖို့အကြွေကို ကောင်တာက ကုလားက စိမ်ပြေနပြေတွက်နေတုန်း ကျွန်မလဲ စားပွဲဝိုင်းတွေဘက် တစ်ချက်ထပ်ကြည့်မိတော့ .. အင်.. တမျိုးပါလား.. အမျိုးသားတွေသာမဟုတ် အမျိုးသမီးတွေကလဲ ကြည့်နေကြတယ်.. ပြီးတော့ သူတို့မျက်နှာတွေက ပြုံးစိစိတွေနဲ့.. ဗုဒ္ဓေါ.. ဘာများဖြစ်နေလို့ပါလိမ့်.. မလုံမလဲနဲ့ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတော့..

အားလားလား.. ဘယ်ကလာတဲ့လေက ဘယ်လိုများအောက်ကနေပင့်တိုက်နေတယ်မသိဘူး… ကျွန်မစကပ်က လန်တက်နေတာ ပေါင်ရင်းနားတောင်ရောက်တော့မယ်..(မျက်လုံးထဲမှာမြင်မိတာက ဒေါက်ဖိနပ်တွေနဲ့ စကပ်လန်လန်နဲ့ ဘဲလေးအက ကတဲ့မိန်းမတွေကို) ..ဆိုးတာက ကျွန်မက အဲဒီအက ကနေတာလဲမဟုတ်.. လူအများရှေ့မှာ စကပ်လန်ပြီးအရှက်ကွဲနေတာ.. လန်ထွက်နေတယ်ဆိုတာအဲဒါမှအမှန်ပဲ.. လေတာပေါ့..

ဟင့်.. ရှက်လဲရှက်.. မျက်နှာလဲ ပူပူနဲ့ ကြည့်နေတဲ့သူတွေကို မျက်စောင်းထိုး.. ကောင်တာကုလားကို ကြာလိုက်တာလို့အော်..သူကလဲ လန့်ဖြန့်ပြီး လက်ထဲကပိုက်ဆံကိုအတင်းပေး..ကျွန်မလဲပိုက်ဆံတောင်မတွက်တော့ဘဲ တစ်ခါတည်းဆိုင်ထဲကပြေးထွက်ပေါ့..

ဖြစ်ချင်တော့ ဆိုင်မှာ mop တိုက်ထားခါစ ကျောက်ပြားတွေက စိုပြီးချောနေတော့ ကျွန်မ slip ဖြစ်ပြီး လဲကျမလိုဖြစ်ပါရော.. သွားပါပြီ..တစ်ရှက်ကနှစ်ရှက်.. အလဲတော့မခံနိုင်ဘူး.. တွေ့ကရာကိုဖမ်းဆွဲမှဆိုတဲ့အသိနဲ့ မျက်လုံးထဲမှာ မြင်ရာကိုဖမ်းဆွဲတာပေါ့.. ကံကောင်းသွားပါတယ်.. ကျွန်မ ကြမ်းပေါ်ကိုလဲမကျသွားဘူး.. ဒါပေမယ့် ကျွန်မဆွဲလိုက်တဲ့ သူကတော့ ကျွန်မကို ပြီတီတီမျက်နှာ ခေါ်တောအကြည့်နဲ့ကြည့်နေလေရဲ့.. မုန်းစရာ.. သူ့ရုပ်ကြီးနဲ့များ.. ဟွန့်..

P.S >> ဒီနေ့မနက်တွေ့ကြုံရတဲ့အဖြစ်လေးကိုအပျင်းပြေပြန်ရေးမိလို့တင်လိုက်တာ.. ကျွန်မကြိုက်တဲ့ ကျွန်မရဲ့breakfast ဖြစ်တဲ့ nasi lamek ပုံလေးတွေပါတင်ထားလိုက်တယ်..အမှတ်တရပေါ့..



အဲဒါက ထမင်းကိုအုန်းနို့နည်းနည်းထည့်ချက်ထားတာပေါ့.. အုန်းထမင်းတော့မဟုတ်ပါဘူးလေ..ပြီးတော့ ကြက်ဥတစ်ခြမ်း.. ငရုပ်သီးအနှစ်နဲ့ ငါးနီတူခြောက်လေးငါးကောင်နဲ့ မြေပဲစေ့လေးတွေပါပါတယ်.. ငှက်ပြောဖက်နဲ့ ထုပ်ထားတယ်.မသိရင်တော့ မုန့်ဖက်ထုပ် ခပ်ကြီးကြီးပေါ့.. ကျွန်မအကြိုက်အစားအစာလေးပါပဲ..


ကျွန်မရဲ့လှတပတပုံလေးတွေတော့မတင်တော့ပါဘူးလေ.. :P

13 comments:

လင်း said...

ဟားဟား မြင်ယောင်လိုက်ပါတယ်။ စကဒ်လန်သွားတာကို ။ သေချာဖြေပါ ပေါင်ရင်းထိဘဲလန်တက်တာလား ၊ ပေါ်ရောပေါ်သွားသေးလား =]
ရှက်ရှက်နဲ့  ၀ယ်လာတဲ့ nasi lamek ပုံလေးကို တင်လိုက်တယ်ပေါ့

အမရာ said...

အဟီးအဟီး..
ရီရတယ်..ဗျို့....မုန့်လဲစားချင်သေးတယ်....
သူများကိုသရေယိုအောင်လုပ်တယ်....
ခုဝယ်ကျွေး...........

အိုင်လွယ်ပန် said...

ဖြစ်ရမယ် ............

မုန့်ကတော့စားချင်စရာ ...........

ကြုံရင်တော့နင့်ရည်းစားတွေလိုက်မေးကြည့်ဦးမယ် :P

ကိုသားငယ် said...

ကြည့်ရတာ ဗိုက်အရမ်းဆာပြီး လေတိုက်တာမသိလိုက်တာ ဖြစ်မယ်...

ဖိုးစိန် said...

်တကယ်ကို လန်ထွက ပျံတက်သွားတယ်ပေါ့
ီဟီး..ဟီး..ဟီး..

layma said...

ဏီရေ..
လေက မုန်းစရာကောင်းလိုက်တာ...။
ညီမရဲ့ လန်ထွက်နေတဲ့ စတိုင်လ်လေး မြင်ကြည့်နေတယ်..။

Anonymous said...

ဘာတွေပြောချင်နေတာလဲ
လေတိုက်လို့  စကပ်လန်သွားတာ ကိုပြောချင်တာလား
ဘဲတွေအများကြီးရှိခဲ့တရ် လို့ ကြွားချင်တာလား
ဘာမှ မဟုတ်ဘူးဆိုရင် တော့
ငါ နင့်ကို မုန်းတရ်.....
ps> မရေရာတာတွေနဲ့ 
ဒီလိုပဲ
ပျော်နေတော့ မှာလား? k

ဘာတွေတုန်း said...

ဖြစ်မှဖြစ်ရလေ မမရယ်။ :)

Phyo Maw said...

ဖတ်သွားတယ်။
ဘာပြောရမလဲတော့ မသိလို့ မပြောတော့ပါဘူး။

sin dan lar said...

တော်တော်လန်တွားတာပဲနော်.... :P

mgnge said...

ဟိဟိ ဖတ်ရင်းနီ မြင်ယောင်လိုက်တယ်...။ အားပါ..။
တော်တော် လှနေမှာပဲနော်.....။

Nya Lay said...

သူ့ရည်းစားတွေများ လိုက်မေးနေရဦးမယ်။
ဘယ်နားထိလဲဟင် ပြောသလောက်တော့ ဟုတ်မယ်မထင်ဘူး အကုန်လုံး ၀ိုင်းငေးနေကြတယ်ဆိုတော့... :P