10:54 AM
Posted by
သဇင်ဏီ
အသက် ၁၅ ကျော်လို့ ၁၆နှစ်သမီး ကျွန်မက လှချင်ပချင်တဲ့အရွယ်ပေါ့..
ဘာတဲ့..သီချင်းတောင်ရှိသေး.. အပျိုဖြန်းဆိုလား..ဘာဆိုလား သိတော့ပါဘူး..
၁၀တန်းကျောင်းသူကျွန်မက chemistry ဘာသာအတွက် ရန်ကုန်မြို့လယ်မှာရှိတဲ့ နာမည်ကြီး ဆရာတစ်ယောက်ဆီမှာ ကျူရှင်ယူဖြစ်ပါတယ်..
ဒီနေ့ ကျူရှင်စတက်ရမယ့်နေ့ဆိုတော့ ကျွန်မလဲ ရှိသမျှ ပဲအကုန်ထုတ်တာပေါ့လေ…(မတ်ပဲ..ကုလားပဲ..ပဲစင်းငုံ၊စားတော်ပဲ… အကုန်ပေါ့)..
အ၀တ်အစားအသစ်တွေဝတ်၊ လှလှတွေပြင်.. မျက်နှာကိုလည်း မိတ်ကပ်လေးဘာလေးလိမ်း… ပီးတော့ ကျွန်မရဲ့ favorite ဖြစ်တဲ့ revlon အနီရဲရဲ နူတ်ခမ်းနီကို မေမေမသိအောင် ခိုးဆိုးပြီး ကျူရှင်ကိုဒိုးပါတယ်..
ဒီလိုနဲ့ ရောက်သွားတယ်ပေါ့..ရောက်အောင်သွားမှတော့ ရောက်မှာပဲလေ.. နော်..
ကျူရှင်ပေါ်မတက်ခင် ကိုယ့်ကိုကိုယ်ယုံကြည်မူရှိအောင် ပဲထပ်များဦးမှပဲလို့ စိတ်ကူးရတယ်... အင်း.. လမ်းဘေးမှာ မှန်ကြီးထုတ်ပြီး ကြည့်ရတာလည်း မဟုတ်သေးပါဘူး.. နည်းနည်းတော့ရှက်သလိုပဲ..
ပလက်ဖောင်းဘေးမှာရပ်ထားတဲ့ ကားတွေ.. ဒါဆိုရင်တော့ အိုကီပဲ.. ကားမှန်နဲ့ဆိုရင်ပဲ လုံလောက်ပါတယ်လေဆိုပြီး ကျွန်မလဲ ကားတစ်စီးနားအသာကပ်ပြီး..မှန်ကြည့်၊ ဆံပင်သပ်တင်၊
အင်.. နူတ်ခမ်းနီကနည်းနည်းပျက်နေပီ.. ခုနက ရေခဲမုန့်စားလိုက်လို့..
စိတ်မြန်လက်မြန်နဲ့ပဲ ကျွန်မလဲ ကျောပိုးအိတ်ထဲက နူတ်ခမ်းနီတောင့်ကိုထုတ်ပြီး ဆိုးနေတုန်းပဲ ဗြုန်းဆို ကားမှန်အနက်ကြီးက အောက်လျှောကျ.. စပ်ဖြီးဖြီးမျက်နှာကြီးတစ်ခုနဲ့ လူဝကြီးတစ်ယောက် ကျွန်မကို လျှာထုတ်ပြလေရဲ့…
ဖလားဖလား =( ကျွန်မလန့်လဲလန့်.. ရှက်လဲရှက်ပေါ့.. ဒါပေမယ့် ဘယ်ရမလဲ.. သူ့လိုပဲ ပြန်ပြုံးပြ၊ လျှာထုတ်ပြ၊ ပြီးတော့ မျက်စိတစ်ဘက်ပါမှိတ်ပြလိုက်တော့ ဘိုးတော်က မျက်လုံးတွေအရောင်တောက်ပြီး မျက်ခုံးတွေပင့်တက်သွားပါလေရော..
ကျွန်မလဲ ဒိုးပီဆရာရေဆိုပြီး ကျူရှင်ပေါ်ကို တချိုးတည်းလစ်တော့တာပါပဲ..
စာကြွင်း ။ ။ ကျွန်မသည် မှန်အလွန်ချစ်သောသူဖြစ်ပါသည်.. ရောက်လေရာအရပ်တွေ့ရာ နေရာတိုင်းတွင် တွေ့သောမှန်များအား ကြည့်တတ်သောအကျင့်ရှိပါသည်.. အထက်ပါဇာတ်လမ်းသည် ကျွန်မနှင့် ၀ါသနာတူ ချစ်သောအစ်မတစ်ယောက်၏ ဇာတ်လမ်းဖြစ်ကြောင်း၊ ကျွန်မအနေဖြင့် နည်းနည်းထပ်ကွန့်ထားခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်.. :P
7 comments:
တော်တော်ကိုပဲများ ၁၅ ၁၆ မှာ ကျူရှင်ကို မှန်ယူသွားရတရ်လို့၊၊
မှန်ကိုချစ်တာထက် မှန်လို ကြည့်တာ ကောပိုမကောင်းလောက်ဘူးလား မသဇင်ဏီ၊၊
ခင်လို့ အကျန်ကြွေးတာ အဲ ဟုတ်ပါဝူး၊၊
အကြံ ပေးတာ၊၊
အေးဗျာ ကျုပ်ကလဲ အဲဒီနေ့ အိမ်က မိန်းမကြီးနဲ့
စကားပြောရတာ အဆင်မပြေ
ပြင်ပေးထားတဲ့ မနက်စာကလဲ ခွေးကျွေးလို့ ၀က်မစားတဲ့ဟာ အဲတာနဲ့ စိတ်ညစ်ညစ်နဲ့ ကိုင်ပေါက်ပြီး လက်ဖက်ရည်ဆိုင်ထိုင်မယ် ဆိုပြီး ထွက်လာတာ
မြို့လယ်က လမ်းတခုထဲမှာပေါ့
ကျူရှင်တွေရှိတာတော့လဲသိမထားမိပါဘူးဗျာ
ကားကိုစက်ရပ်ပြီးခါစပဲရှိသေးတယ် ဆင်းမလို့လုပ်တုံး
၁၅ ၁၆ နှစ်အရွယ်ကောင်မလေးတယောက်
အိမ်က သမီးအရွယ်လေး
ကားမှန်ကို လာကြည့်ပြီး အပီအပြင် အလှတွေပြင်နေတာ ကောင်မလေးကလဲ အမိုက်စားလေး ဟဟဟ အဲတော့ ကျတော်လဲ ဘာဖြစ်တယ်မသိပါဘူးဗျာ ကိုယ့်သမီါ်အရွယ်လေးကို လျှာထုတ်ပြောင်ပြမိတယ် တော်တော်တော့ မကောင်းတာပါ အံမယ် သူလေးကလဲ ခ သ မ ဟ ပဲဗျ
လျှာပြန်ထုန်ပြပြီး ပြောင်သွားသေးတယ်
အဲနေ့ကတော့ တကယ့်အမှတ်တရ နဲ့ ရင်ခုန်ရတဲ့နေ့လေးပေါ့ဗျာ
get rid of the word verification pls is annoying
သဇင်ရေ
ရှိသမျှပဲ အကုန်ထုတ်တယ်ဆိုလို့ မနေ့က ကိုလတ်ကြီး စားတဲ့ ပဲတွေ အကုန်ပဲလား မေးမလို့ ကိုလတ်လောက်တောင် မများဘူး။ ဟိ
ဟောဗျာ...ပဲများတာတော့ တို့ဘက်က ပဲစိုက်တဲ့ သူတွေထက်သာတယ်။ တော်သေးတယ်..ပဲအမျိုးမျိုးရောင်းဝယ်ရေး မလုပ်လို့..ဟဟဟ။နင်မွေးနေ့ရောက်ရင်ပြော ကိုလတ် မှန်အကြီးကြီးဝယ်ပေးမယ်။ အဲ ပဲဟင်းနဲ့စားတာတော့ထဲပြောတယ်..ငါးကြော်နပ်လေး ကြတော့ ထည့် မပြောဘူး မိ ညလေး....... နင်တို့နော်..ဘာမှမဟုတ်ဘူးလို့။
အားလုံးကိုပျော်စေချင်သူ
မှန်တဲ့ လား ညီမ!... ဒါကြောင့် ဦးဇာဂနာကြီး ပြောတာ မှန်တိုင်း မကောင်းဘူးတဲ့... အခုတော့ တော်သေးတာပေါ့... ဦးလေးကြီးက မျက်ခုံးလေးပဲ ပင့်လို့...
တော်တော်လဲမှန်ကြိုက်ပြီးပဲများ
တတ်တဲ့ငါ့ညီမပါလားနော်.......:P
ဒီနေ့ က စပြီးခေါ်မယ် ...
မမ ပဲ လို့ 
မကျေနပ်ဘူးလား..
မကျေနပ်လဲခေါ်မှာပဲ တိဝူးး
Post a Comment