အိပ်မက်ထဲက စိတ်ကူး

ကျွန်တော် အခန်းပြတင်းပေါက်ကို ဖွင့်ကြည့်တော့ ငှက်ဆိုးတစ်ကောင်က ပက်လက်ကြီးပျံပြနေတယ်..
အကြည့်ရဆိုးလိုက်တာ.. သူ့ပါးစပ်ကလည်း ကျီးကန်းတစ်ကောင်လို တအားအားနဲ့အော်နေသေးတယ်.
ဟာကွာ.. ငါ့သေနတ်နဲ့ပစ်သတ်လိုက်ရ သေတော့မယ်..
ကြည့်မရတဲ့အတူ ပြတင်းတံခါးကိုဝုန်းခနဲ ဆွဲပိတ်မိတယ်..

ဒီဘက်ကို ပြန်လှည့်မိတော့ အခန်းနံရံက ပိုးဟပ်တစ်ကောင်ကလဲ ဟိုဘက်ဒီဘက်ကို သူ့အတောင်ပံပိစိကွေး ၂ခုနဲ့ အသားကုန်ဖြန့်ပြီး ပျံပြနေပြန်ရော... ရော်..ခက်ပြီ... ကြည့်မရပေမယ့် မသတ်တော့ပါဘူးလေ...
ပိုးဟပ်ပျံတယ်ဆိုရင် လာဘ်လာဘ ၀င်တတ်တယ်ဆိုပဲ... ဒါက လူတစ်ချို့ပြောတာ.. အဲဒီအတွေးနဲ့ ကျွန်တော် တစ်ချက်ပြုံးမိတယ်.

ပြုံးနေတဲ့ကျွန်တော့်မျက်နှာကို မှန်ထဲမှာမြင်လိုက်ရတယ်.. ကျွန်တော်လန့်သွားမိတယ်ဗျာ..မှန်ထဲက မျက်နှာက ကျွန်တော့်မျက်နှာမဟုတ်ဘူး... ခက်ကုန်ပြီ.. ၀မ်းနည်းမူနဲ့အတူ ကျွန်တော် ငိုကြွေးမိတယ်..

အဲဒီအချိန်မှာပဲ ကျွန်တော်ကြားနေကျဖြစ်တဲ့ လေချွန်သံတစ်ခုကို ကြားလိုက်ရတယ်..သွားပြီ...ဒါဆိုရင် ကျွန်တော် နောက်တစ်ကြိမ် သေဆုံးရဦးမှာပေါ့...ဖြစ်နိုင်ရင်တော့ကျွန်တော် မသေချင်သေးဘူးဗျာ...

မကြာပါဘူး.. အရိပ်မည်းကြီးတစ်ခု ကျွန်တော့်ရှေ့ကို ရောက်လာတယ်.. ပြီးတော့ သူလက်ညှိုးညွှန်ပြရာကိုကြည့်မိတော့.. ထိုင်ခုံတစ်လုံး.. ကြိုးတစ်ချောင်း.. မျက်နှာကျက်က သံချိတ်တစ်ခု..ကျွန်တော်သဘောပေါက်လိုက်တယ်....

ဒီလိုနဲ့ပဲ ကျွန်တော် နောက်တစ်ကြိမ် သေဆုံးသွားခဲ့ပြန်တယ်..

လူတွေပြောနေသံတွေကိုကျွန်တော်ကြားနေရတယ်... သူ suicide လုပ်သွားပြီတဲ့.

1 comments:

ဖိုးစိန် said...

ပြီးတော့ပြန်နိုးလားတယ်
သက်ပြင်းလေးချတယ်
ရေလေးသောက်တယ်
အော်
တကယ်
ငါဒီလိုမဖြစ်သင့်ဘူးတဲ့လေ