4:48 PM
Posted by
သဇင်ဏီ
မနက်ခင်းတစ်ခု… အဆောက်အဦးတစ်ခုရဲ့လှေခါးထစ်တွေမှာ မျက်မမြင်ကောင်လေးတစ်ယောက် ငုတ်တုတ်လေးထိုင်ပြီး ပိုက်ဆံတောင်းခံနေပါတယ်.. သူ့ဘေးနားမှာ sign board သေးသေးလေးတစ်ခုချထားတယ်..
ရေးထားတဲ့စာသားတွေက “ကျွန်တော်မျက်မမြင်တစ်ယောက်ပါ…သနားကြပါ” တဲ့..
သူ့ရှေ့က သူပိုက်ဆံတောင်းခံတဲ့ ဦးထုပ်လေးထဲမှာ ငွေအကြွေစေ့အနည်းငယ်ရှိနေပါတယ်..
လူကြီးတစ်ယောက်လမ်းလျှောက်လာပါတယ်.. သူ့အိပ်ကပ်ထဲက ငွေအကြွေစေ့တစ်ချို့ကို နိုက်ယူပြီး ကောင်လေးရှေ့က ဦးထုပ်လေးထဲကို ပစ်ချပေးလိုက်တယ်.. ပြီးတော့ကောင်လေးဘေးနားက sign board လေးကိုကောက်ယူပြီး နောက်ကျောဘက်မှာ စာသားအချို့ရေးသွားပါတယ်.. သူရေးခဲ့တဲ့စာသားအသစ်ကို လူအများမြင်သာတဲ့ဘက်မှာ လှည့်ပေးခဲ့ပါတယ်… ဒါကိုကောင်လေးသတိပြုမိလိုက်တယ်..
မကြာခင်မှာပဲ လူတွေတစ်ယောက်ပြီး တစ်ယောက်က ကောင်လေးကို သနားပြီး အလှူငွေတွေထည့်ပေးသွားလို့တဲ့အတွက် ကောင်လေးရဲ့ဦးထုပ်ထဲမှာ ပိုက်ဆံတွေအပြည့်နီးပါးဖြစ်လာပါတယ်..
နေ့လည်အချိန်ပိုင်းလောက်မှာ မနက်ခင်းက sign board ကိုပြင်ရေးသွားတဲ့သူက ပြန်လာပြီးကြည့်ပါတယ်.. ခြေသံကိုမှတ်မိနေတဲ့ မျက်မမြင်ကောင်လေးက မေးလိုက်တယ်..
“မနက်က ကျွန်တော့် sign board မှာစာရေးသွားတဲ့သူပါလား.. ဘာတွေများရေးသွားခဲ့တာပါလဲ” တဲ့
လူကြီးကပြန်ပြောပါတယ်.. “ငါရေးခဲ့တာက မင်းရေးထားတဲ့စာနဲ့ အဓိပ္ပါယ်အတူတူပါပဲကွာ..ဒါပေမယ့် ရေးပုံရေးနည်းကွာခြားတယ်.. ငါကအမှန်တရားကိုပဲရေးခဲ့တာပါ” တဲ့…
လူကြီးရေးခဲ့တဲ့စာသားလေးက “ဒီနေ့က သာယာလှပတဲ့နေ့တစ်နေ့ပါ..ဒါပေမယ့်ကျွန်တော့်မှာ မြင်နိုင်ခွင့်မရှိပါဘူး” တဲ့
ဒီပို့စ်ကိုဖတ်တဲ့သူအနေနဲ့ ပထမကောင်လေးရေးခဲ့တဲ့စာနဲ့.. ဒုတိယလူကြီးရေးတဲ့စာ အဲဒီနှစ်ခုရဲ့ဆိုလိုရင်းကအတူတူပဲလို့ ယူဆမိမှာပါ.. စာသားနှစ်ခုစလုံးကလဲ ကောင်လေးမျက်စိမမြင်ဘူးဆိုတာကိုပဲပြောပြထားတာပါ…
ပထမစာသားက မျက်စိမမြင်တဲ့အကြောင်းကို ရိုးရိုးရှင်းရှင်းပဲပြောပြထားတယ်..
ဒုတိယစာသားကတော့ သာယာလှပတဲ့နေ့တစ်နေ့ကို မျက်မမြင်မဟုတ်တဲ့သူတွေအနေနဲ့ တွေ့မြင်ခံစားနိုင်တဲ့အတွက် သူတို့ဘ၀တွေက ကံကောင်းကြောင်းကို သူကပြောပြထားတယ်..
ကျွန်မကတော့ လူကြီးရေးထားတဲ့ ဒုတိယစာသားလေးကပိုပြီး ထိရောက်တဲ့အတွက် သဘောကျမိပါတယ်..
ဆိုလိုတာက.. ဘာပဲလုပ်လုပ် အရာရာတိုင်းကို အကောင်းမြင်ဘက်ကကြည့်ပြီး တွေးပါ..သူတပါးအတွေးတွေနဲ့မတူအောင် မြင်ကြည့်ပါ..
Be thankful for what you have. Be creative. Be innovative. OK? MY GUYZZZZ!!!!
(သူငယ်ချင်းတစ်ယောက်ရဲ့ forward mail ကိုသဘောကျမိတာနဲ့ လျှာရှည်ပြီး ဘာသာပြန်ကြည့်တာပါ.. ဒီနေ့ ဒီပို့စ်ကို တင်ဖို့ မရည်ရွယ်ခဲ့ပါဘူး..ရုတ်တရတ်ကြီး.. ရတ်တရုတ်ကြီးပေါ့လို့..)
5 comments:
ကျနော်လဲကြိုက်မိပါရဲ့ လူကြီးပြင်ရေးသွားတဲ့စာသားလေးကို
ဖတ်ရတာအဓိပါယ်ရှိပါတယ်
ဘာသာပြန်တော်၏
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
:)
အကောင်းမြင်ဘက်ကကြည့်ပါ...။
ဟုတ်ပါတယ်... တူညီသောတုန့်ပြန်မှုတော့ရမှာပါဗျာ..။
ပန်ပြင်ပြီးရေးသွားတဲ့စာကို ဖတ်ရင်း အတွေးစတွေ ယူ သွား ပါတယ်မသဇင်ရေ.....။
ဘာသာပြန်တာကလည်း ညက်နေတာ ပဲ ဗျာ။
အမရေနေကောင်းတယ်နော်
လာလည်တယ် ဒါပေမဲ့ မတွေဘူး
ဘာတွေလုပ်နေလဲ အကိုကြီး C02 ရဲ့တပည်လေ
မသိဘူးမဟုတ်လား
Post a Comment