iTs mY bIrThDaY!!!

ဂျူလိုင်၂၅ရက်နေ့..
ကျွန်မမွေးနေ့ပါ.. ဘယ်သူနဲ့မှလဲမတွေ့ဖြစ်သလို ဘာလက်ဆောင်မှလည်း မရပါဘူး..
လေတာပေါ့လို့...

လွန်ခဲ့တဲ့နှစ်တွေကတော့ သူငယ်ချင်းတွေနဲ့ မွေးနေ့ကိုဆင်နွှဲဖြစ်တယ်...
၂၄ရက်အကုန်.. ၂၅ရက်နေ့ကိုဝင်မယ့်.. ၁၂နာရီနောက်ပိုင်းကိုစောင့်ရတာလည်းအမော...

ဘော်တကဲတွေရဲ့ဖုန်းတွေ..မတ်စိတွေကလည်း လက်တောင်မလည်...
တချို့နှစ်တွေက ပျော်ပျော်ပါးပါး မော်တော်ကားနဲ့.. ကဲကြကွဲကြပေါ့..
အမှတ်တရမဖြစ်ဖြစ်အောင် ဖန်တီးမိခဲ့တဲ့ မွေးနေ့တွေလည်းရှိခဲ့တာပဲ

ဒီနှစ်..အခုတော့ ကွန်ပူတာရှေ့မှာတစ်ယောက်တည်း..
ဖုန်းဆက်မယ့်သူလည်းမရှိ... မက်စိပို့မယ်သူလည်းမရှိ...လေတာပေါ့လို့
ဘယ်ရမလဲ..Gtalk custom message မှာ.. iTs mY birThdAy ဆိုပီး status ကြီးတင်..
အွန်လိုင်းမှာတွေ့သမျှသယ်ရင်းတွေကို ဒီနေ့ငါ့မွေးနေ့ဟ ဆိုပီး ပွားရတာပေါ့...
ဆုတောင်းတွေတော့ရတယ်.. တစ်ပြုတ်..နှစ်ပြုတ်...

ဒါလဲစတိုင်လ်တမျိုးနဲ့ငါ့မွေးနေ့ပေါ့ဟယ်လို့ တွေးမိသလို...
ဘာဖြစ်လဲကွာ... ဒါလဲအမှတ်တရတခုပေါ့လို့ ဖြေတွေးလိုက်ပါတယ်...
ရေဆာလိုက်တာ.. ဗိုက်ကလဲဆာသလိုပဲဟယ်လို့ တစ်ယောက်တည်းညည်းတွားပြီး အခန်းပြင်ထွက်
ရေခဲသေတ္တာထဲကရေပုလင်းကို ယူတုန်းရှိသေး...

ရုတ်တရက်လျှပ်စစ်မီးက ငြိမ်းသွားပါလေရော...
ဖလားဖလား..မှောင်အတိနဲ့.. ကိုယ့်နားရွက်တောင် ကိုယ်မမြင်ရတော့ဘူး... ဒွတ်ခပါပဲ
ကျွန်မကအမှောင်ဆို တအားကြီးကိုကြောက်တာ...
ဘာလုပ်ရင်ကောင်းမလဲစဉ်းစားတုန်းရှိသေး.. မီးကပြန်လင်းလာရော..

တော်သေးတယ်.. ရေသောက်မယ်ပြင်တုန်းရှိသေး
ဗြုန်းဆို "ငါမင်းကိုသတ်ချင်တယ်" ..ဆိုတဲ့ သီချင်းသံကြီးက အသံပြဲကြီးနဲ့ကြားရပါရော...
ဗုဒေါ... ငါလဲမဖွင့်ရပါလား.. အိမ်မှာလည်းငါတစ်ယောက်တည်းပါ..
အပြေးအလွှားနဲ့ ကွန်ပူတာကိုကြည့်တော့ ဘာသီချင်းမှမရှိသလို ဘာသံမှလည်းမကြားရတော့ပြန်ဘူး..

အရှေ့ခန်းက ချောင်းဟန့်သံကြားလိုက်ရတယ်.. ဘူလဲဆိုပြီး သွားကြည့်ရပြန်ေ၇ာ..
ရော်.. ခက်ပြီ... ဒီနေ့ဒီအိမ်မှာ ငါတစ်ယောက်တည်းလေ.. သွားပြီ။။
ဒါဆိုရင်တော့ သေချာတယ်.. တရဲ.. ချွေးပြန်လာတုန်းရှိသေးတယ်...
မျက်နှာကျက်ပေါ်ကနေ အသံတစ်ခုကြားရတယ်..
တဒုန်းဒုန်းနဲ့.. ကြောက်ကြောက်လန့်လန့်နဲ့မော့ကြည့်မိတော့...

ပိုးဟပ်တစ်ကောင်.. သူ့နူတ်ခမ်းမွှေးတွေက ကျွန်မရှေ့ကကြမ်းပေါ်အထိ တွဲလောင်းကြီးကျလို့

13 comments:

အိုင်လွယ်ပန် said...

ဖတ်ပြီး မူး..တွား .. ပြီ...

TGRmg said...

အသဲပြဲကြီးက ခြောက်တာလား
တရဲက ခြောက်တာလား
ပိုးဟပ်က ခြောက်တာလားတော့ မတိ။
မဏီတော့ ကြောက်သွားတယ်ဟုတ်။
ဘယ်ကောင်လဲကွ မဏီမွေးနေ့ကို လာခြောက်တာ။
သိပ်တော့ ကျယ်ကျယ် မအော်ရဘူး မဏီရေ။
ကျနော့် ဘေးဘီကို ကြည့်ထားပေးအုံး..... တချေကြောက်တတ်ရို့... :P
ပေါက်ကရ၆၀ တက်ဂ်နဲ့ ရေးထားပေမယ့် တကယ့်မွေးနေ့လားတော့ မသိ။
ဆုတော့ တောင်းပေးလိုက်ပီ....
မွေးနေ့တိုင်း ပျော်ရွှင်ပါစေဗျာ...း)

mtj said...

ကဲကဲ.. မက်စိကြီးကြီး ပို့လိုက်တယ်နော်
ပျော်ရွှင်ပါစေကွယ် :D

mgnge said...

အာ ... မသိလိုက်ဘူးဗျာ....။
တစ်ရက်နောက်ကျသွားတယ်..။

ဟက်ပီးဘတ်ဒေး ...အမ ရေ...။

ဖိုးစိန် said...

ဇူလိုင်ဖွားချင်းတူတယ်နော်


ကျနော်ကတော့ ၂၂ ပါ


ဘာပဲဖြစ်ဖြစ် နောက်ကျသွားပေမယ့်


ပျော်ရွှင်သော နှစ်သစ်အပိုင်းအခြားလေး ဖြစ်လာပါစေလို့ ဆုတောင်းပေးသွားပါတယ်နော်....


ပျော်ရွှင်ပါစေးးးး


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ခွပ်ဒေါင်းမြေ said...

ကွန်မန့် လာပေးတယ်...
အောင်မြင်ပျော်ရွှင်ပါစေ...

ခွပ်ဒေါင်းမြေ

ညလေး said...

ကဲကဲ မွေးနေ့ရှင်လေး.. ဘယ်နနှစ်မြောက်လဲဟေ့..
ကြိုမပြောတော့ လက်ဆောင် မပေးရဘူးပေါ့ကွာ..
ပျော်ရွှင်ပါစေ... ညီမငယ်
ဘ၀တစ်လျှောက်လုံးမှာ အန္တရာယ်ကင်းစွာနဲ့ လောကလမ်းပေါ် အတားအဆီးများစွာ ဖြတ်ကျော်ပြီး နေ့သစ်တွေရှိရာ အရောက်လှမ်းနိုင်ပါစေ...

ညလေး said...

နာလဲ ဂျူလိုင်ဖွားတွ.... နာက ၁၅ရက်.. :P

Dream said...

မွေးနေ့မှန်းမသိဘူး အစ်မရေ...

အရောက်နောက်ကျသွားတဲ့ အတွက် ခွင့်လွတ်နော့်

အခုတော့ဟတ်ပီဘလိတက်ဒေးပေါ့နော်...
ထာဝရ ပျော်ရွှင်ပါစေ လို့ပဲ ဆုတောင်းပေးမယ်နော်...

ကံဆုံရင် ပြန်ကြုံချင်ပါသေးတယ်နော်...ပျော်ပျော်ပါးပါးပေါ့..သတိရနေတယ်...အစ်မကို

အမရာ said...

နောက်အကျဆုံးဘဲ....
ဒါပေမယ့်...နောက်တခါနောက်မကျရအောင်
ခုကတည်းကဆုတောင်းပေးလိုက်မယ်....
မွေးနေ့မှာပျော်ရွှင်ပါစေ............

LWAN NAING said...

ဘယ်သူတွေကပြောလို့လည်းဒေါ်သဇင်ဏီ
ဘယ်သူအော်ခဲ့တာလည်းဆိုတာကိုတော့သိချင်တယ်
ဘာလို့လည်းဆိုတော့သိမှာပါ

ဖိုးဂျယ် said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ အမရေ
အမ မွေးနေ့ကို မမီပဲ နောက်ကျသွားတဲ့ အတွက် စိတ်မကောင်းဘူးဗျာ

ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေဗျာ

ခင်တဲ့ ဖိုးဂျယ်

သီဟသစ် said...

သဇင်ရေ

Happy Birthday ပါကွယ်
နည်းနည်းတော့ နောက်ကျသွားတယ်

long time no see
good luck

ခင်မင်စွာဖြင့်
သီဟသစ်