jUz sMiLe 4 mE!!!

" ဖြိုးလေး.. ကျုပ်တို့တော့ ဒီနေ့ jogging ပဲ..
ဘာဖြစ်လို့လဲဆိုတော့ Lift ကဒီနေ့ပျက်နေတယ်တဲ့... servicing က မနက်ဖန် နေ့လည်မှတဲ့.."

ဆိုလိုတာက ၁၈ထပ်ကို ခြေကျင်တက်ရတော့မယ်ဆိုတဲ့ သဘောပါ..

ဒွတ်ခတွေရော၊ ဒုက္ခတွေရော အကုန်ရောပီး အော်မိတယ်..
သေပြီပေါ့... နဂိုကမှ ယဲ့ယဲ့ပဲရှိတာ အခုလိုအမောခံရရင်တော့ သေပြီဆရာပဲ...

အိမ်ပေါ်မတက်လို့ လမ်းဘေးပလက်ဖောင်းမှာအိပ်ရအောင်လဲ မိန်းကလေးတွေဆိုတော့ မကောင်း..

ဒီလိုနဲ့ပဲ အိုင်ဒီယာလေးတခုနဲ့ ကျွန်မတို့လှေကားထစ်တွေကို ပျော်ပျော်ပါးပါးကြီးတက်ခဲ့ကြပါတယ်..
သူငယ်ချင်း၃ယောက် တစ်ယောက်တစ်လှည့်စီ တစ်ထပ်ချင်းစီမှာ ဟာသပြောပြလိုက်၊ သီချင်းဆိုပြလိုက်၊ ပုံပြင်တွေပြောပြလိုက်နဲ့ပေါ့..အတော်လေးအဆင်ပြေခဲ့ပါတယ်..

ဒီလိုနဲ့ ၁၇ထပ်ရောက်တော့ ကျွန်မအလှည့်.. ဟာသပြောဖို့နောက်တစ်ကြိမ်ရောက်ခဲ့ပါရော...
ကျွန်မပြောလိုက်တဲ့စကားက သူတို့တွေအတွက်ရယ်စရာတခုဖြစ်မနေပဲ.. ဒေါသတကြီးမျက်ဝန်းတွေနဲ့ ဒိုင်းခနဲ့ အပစ်ခံရပြီး မကြာပါဘူး.. ပါးစပ်တွေကပါ ဆဲလိုက်ကြတာဆိုတာ... ကျွန်မပြောခဲ့တာ ဘာဖြစ်မယ်ထင်သလဲ... စိတ်ဝင်စားသေးရင်..
အောက်မှာရေးထားတယ်.. စာလုံးက အဖြူရောင်ဆိုတော့ select ပေးပြီး ဖတ်ကြည့်ပါနော်..
သယ်ရင်းတွေလိုတော့ ထပ်မဆဲနဲ့ပေါ့နော်.. :P

" ၀မ်းနည်းစရာအကြောင်းအရာတခုပါ.. အခန်းသော့က အောက်ကကားထဲမှာ ကျန်ခဲ့ပြီ "

9 comments:

ဒီရေ said...

ဟားဟား.... ရယ်ရတယ်ဗျာ...

အိုင်လွယ်ပန် said...

မြန်မြန် ရောက်ချင်ရင်တော့
ခုန်ချမှပဲ ရမယ် :)

သီဟသစ် said...

သဇင်ရေ

နောက်ပါ့
သူတို့ဆဲကြတာလဲမလွန်
:P

အမရာ said...

အမငှီးးးးးးးးးးးးးး

မြရေလျဉ် said...

ဟားဟားဟား နင်တော်တော် တတ်နိုင်တယ်

သမီးပျို said...

ငါသာဆို တွန်းချလိုက်တယ် ဟားဟား

စန္ဒကူးမေ said...

အဲတာဖတ်ဖူးတယ်.. ကြာတော့ ကြာပီ။
အဲတုန်းကတည်းကမှတ်မိနေတာ.. နောက်ပိုင်းသူငယ်ချင်းအချင်း တိုက်ဆိုင်တိုင်း ပြန်ပြောနောက်နေကြတာ အခုထိဘဲ...း)))

ဟန်လင်းထွန်း said...

ဖြစ်နိုင်ရင် ကိုဖတ်ခဲ့တဲ့ စာအုပ် သို့မဟုတ် စာရေးဆရာကို ခရက်ဒစ်ပေးပါလား။ ကျနော် ဒါဟာလေးကို ဖတ်မိတာတော်တော်ကြာပြီ။

mgpala said...

ထပ်တော့မဆဲပါဘူးဗျာ။ မင်းကိုပဲ အောက်ထပ်ကို ကြိုးနဲ့တွဲလောင်းဆွဲပြီး ပြန်ဆင်းခိုင်းရမယ်။ နောက်ပြီး ကြိုးနဲ့ပြန်ဆွဲတင်ပေးမယ်........ :)