မေတ္တသုတ်

မေတ္တသုတ်က ကျွန်မစိတ်ညစ်တဲ့အခါတိုင်း၊ ဘုရားရှိခိုးတိုင်း ရွတ်နေကျပါ..
အခုတစ်လော(တော်တော်တော့ကြာနေပီ) စိတ်ရူပ်စရာတွေကြုံတွေ့နေရတာနဲ့ ဘုရားလဲမရှိခိုးဖြစ်သလို မေတ္တသုတ်ကိုလဲ မရွတ်ဖြစ်တော့ပါဘူး… မရွတ်တာကြာပြီး အခုပြန်ရွတ်တော့ အလွတ်ရနေတာကနေ မေ့တေ့တေ့တွေဖြစ်ပြီး အသံထွက်တွေလဲမှားနေတယ်လို့ ယူဆတာကြောင့် တိတိကျကျပြန်ပီး ရွတ်ဖတ်လို့ရအောင် အွန်လိုင်းကနေ အသည်းအသန်ပြန်ရှာထားတာပါ.. ဗုဒ္ဓတရားတော်များ ဆိုဒ်ကနေရခဲ့ပြီး zawgyi-one font နဲ့မနည်းပြန်ရိုက်ထားတာပါ.. ကျွန်မလိုပဲ ဗုဒ္ဓဘာဝင်အချို့ (လိုအပ်မယ့်သူများအတွက်) လက်ဆင့်ကမ်းပေးတာပါ..

မေတ္တသုတ်

၁။ ယဿနုဘာဝတော ယက္ခာ၊ နေ၀ဒေဿန္တိ ဘီသနံ
ယဥှိစေ၀ါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိ၀ မတန္ဒိတော။

၂။ သုခံ သုပတိ သုတ္တောစ၊ ပါပံကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမဟေ။

၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟူဇူ စ၊ သူဝစော စဿ မုစု အနတိမာနီ။

၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စောစ သလ္လဟုက၀ုတ္တိ။
သန္တိနြ္ဒိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန၀ိညူ ပရေ ဥပ၀ဒေယျုံ။
သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာ ၀ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီ ၀၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကိဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။

၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။

၁၁။ တိဋ္ဌံ စရံ နိသိန္နောဝ၊ သယာနော ယာဝတာဿ ၀ိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု။

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနေယျ ဂေဓံ၊ န ဟိ ဇာတုဂ္ဂ ဗ္ဘသေယျ ပုန ရေတိ။

မေတ္တသုတ္တံ နိဋ္ဌိတံ။

မေတ္တသုတ် ရွတ်ဖတ်ရခြင်းအကျိုးများ

မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ရှိသူတို့မှာ အခြောက်အလှန့် မခံရခြင်း၊ အနာရောဂါကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ လူနတ်အများ ချစ်ခင်ခြင်း၊ အဆိပ်လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှစ၍ ဗြဟ္မာ့ဘုံရောက်သည်အထိ အကျိုးပေးနိုင်စွမ်းရှိလေသည်။

(မြန်မာပြန်ကိုတော့ စာပြန်မရိုက်ချင်တာနဲ့ မတင်တော့ဘူး.. လိုချင်ရင်မေးလ်ကနေတစ်ဆင့်ပို့ပေးပါမယ်)

ဖိတ်ကြားလွှာ


မနေ့ညနေက အိမ်အနားမှာရှိတဲ့ ရတနာရာမဘုန်းကြီးကျောင်းကို ရောက်ဖြစ်ခဲ့ပါတယ်..
ဆရာတော်က ပေးဖတ်ထားတဲ့ Author Michael Loiser ရဲ့ Law of Attraction ဆိုတဲ့စာအုပ်ပြန်ပေးဖို့သွားရင်းနဲ့.. ဘုန်းကြီးကျောင်းကိုလည်း မရောက်တာကြာတာနဲ့ ခနသွားဖြစ်ခဲ့တာပါ...
ကျောင်းရောက်တော့ ထုံးစံအတိုင်း အအေးယူသောက်ပြီး ဆရာတော်နဲ့ ဘာသာရေး၊လူမူရေးနဲ့ နိုင်ငံစီးပွားရေးအကြောင်းနည်းနည်းပါးပါးပြော.. ပြီးတော့ ဆရာတော်က သင်္ကြန်အတွက် ရတနာရာမကျောင်းရဲ့ အစီအစဉ်လေးတွေကိုလဲ ပြောပြပါတယ်.. အသေးစိတ်ကိုတော့ အပေါ်မှာတင်ထားတဲ့ ဖိတ်ကြားလွှာ မှာပဲ အကျယ်ချဲ့ပြီး ဖတ်ကြည့်လိုက်ပါ..
ဆရာတော်ပြောတာကတော့ နှစ်စဉ်နှစ်တိုင်း မြန်မာလူမျိုး ၄၀၀ ကနေ ၅၀၀ ခန့်အထိ ဒီကျောင်းမှာ ဒီပွဲတော်လေးကို ပါဝင်ဆင်နွှဲကြပါတယ်တဲ့...
ကျွန်မ ဆိုလိုချင်တာကတော့ မလေးရှားရောက် သူငယ်ချင်းတွေအားလုံးကို အဆင်ပြေရင် အဲဒီနေ့၊အဲဒီရက်မှာ ကျရောက်မယ့် မြန်မာ နှစ်သစ်ကူးဆုတောင်းပွဲနှင့် သင်္ကြန်ပွဲတော်မှာပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ပါတယ်လို့..

မှားနေ...

ညနေခင်းတခုမှာ ငါတစ်ယောက်တည်းလမ်းလျှောက်ထွက်လာတယ်…

သာယာနေတဲ့ရာသီဥတုအောက်မှာ မသာယာတာက ငါတစ်ယောက်ပါလားလို့ စိတ်ပျက်လက်ပျက်အတွေးနဲ့ပန်းခြံလေးထဲမှာ ထိုင်မိတယ်..

ငှက်ကလေးတစ်ကောင်ငါ့ဘေးကိုရောက်လာတယ်..

“တစ်ယောက်တည်း အထီးကျန်နေသလားတဲ့”.. သူငါ့ကိုတိုးတိုးလေးမေးတယ်..

“မဟုတ်ပါဘူး.. ငါအသည်းကွဲနေတာပါ”…ဆိုတော့ သူကရီတယ်..

ပီးတော့ သူက သီချင်းတစ်ပိုဒ်ဆိုပြတယ်…. ခပ်တိုးတိုးလေးပါပဲ..

“ ဒါတွေကတစ်ကယ်တော့မှား..
မင်းပဲရခဲ့ရဒဏ်ရာ…
နင်ကိုယ်တိုင်တောင်အချစ်တွေကိုယုံစားခဲ့လို့လား“ တဲ့

လူသားမဆန်သေးပါ

ငါ..ဘယ်သူ့ကိုမှနားလည်ဖို့ မကြိုးစားခဲ့သလို
ငါ့ကိုယ်ငါတောင် ဘာမှန်းသေချာနားမလည်ပြန်ဘူး..
အဲဒီတော့ ငါက ခံစားချက်မဲ့သူဖြစ်နေပြန်ရော…

ငါလိုအပ်နေတာဘာလဲ..
အသက်ရှင်နေတာဘာလဲ…
တွေးလေအဓိပ္ပါယ်မဲ့လေနဲ့...
အများပြောသလိုပဲ လမ်းပျောက်ပြီး လမ်းမှားရောက်နေသူများလား..

အဲ့ဒီလိုတော့မဖြစ်ချင်ပါဘူး...
တစ်ချိန်ကနင့်ကိုပြောခဲ့သလိုပေါ့..
ငါအသက်ရှင်နေတာနင့်အတွက်ပါဆိုတာမျိုး..

အဲဒါဘာအဓိပ္ပါယ်လဲလို့လာမမေးနဲ့..
ငါကိုယ်တိုင်တောင်အဖြေမရှိဘူး..
အသည်းတွေကလဲ ကွဲရပါများလို့
အသည်းပဲကွဲနေချင်ပြန်တယ်ဆိုရင် နင်ယုံမလား...

ဘာမှန်းမသိတာတွေနဲ့ပဲ.. ငါ့အသည်းကိုထပ်ကွဲချင်တာနဲ့ပဲ
ငါနင့်ကိုထားခဲ့မယ်ဆိုရင် နင်ကျေနပ်ပါ.....

ဒါပေမယ့် ဘယ်သူမှနားမလည်သေးတဲ့
ငါကိုယ်တိုင်ကောင်းကောင်းနားလည်ထားတဲ့
ခံစားချက်တစ်ခုငါ့မှာရှိတယ်...

နင့်အတွက်လို့တော့ မထင်လိုက်နဲ့နော်...
ဒါပေမယ့်..ဘယ်သူ့ကိုမှလဲ ငါမပြောပြတော့ဘူး...

iT’s aBoUt mE & mY bReAkFaSt oN 3rd Mar 2009

မနေ့ည ၇း၃၀ တည်းက မျက်နှာမသစ် ရေမချိုးဖြစ်ဘဲ အိပ်ပျော်သွားတာ ဒီနေ့မနက် ၈နာရီ (နေ့စဉ်ပုံမှန် alarm အသံကြားတော့) လန့်နိုး… snooze ၁၅ မိနစ်ထပ်ပေးပြီး နှပ်လိုက်သေးတယ်.. ၈း၁၅ မှာ alarm ထပ်မြည်ပါတယ်.. ဆက်အိပ်ရင်တော့ ရုံးချိန်တအားနောက်ကျပြီး salary deduction ထိမှာစိုးတာနဲ့ အိပ်ယာကနေထရပါတယ်.. ထုံးစံအတိုင်း ရေသောက်… မျက်နှာသစ်.. သွားတိုက်.. ရေချိုး.. ခေါင်းလျှော်ရကောင်းမလား.. အချိန်မီပါ့မလားစဉ်းစားရင်းနဲ့.. အိမ်သာတက်.. ရေချိုးခန်းထဲမှာပဲ အချိန် နာရီဝက်လောက်ကြာသွားတယ်.. ခေါင်းလဲမလျှော်ဖြစ်တော့ပါဘူး.

ပီးတော့ ကပျာကယာပဲ လှလှပြင်ရတာပေါ့.. ဒီနေ့တော့ စိတ်ကူးလေးတွေ ကောင်းနေတာနဲ့ပဲ ဒူးလောက်ရှိတဲ့ ထီးပုံစံစကပ်တိုတိုကို ၀တ်ဖြစ်ပါတယ်.. စိတ်ကူးလှလှလေးတွေနဲ့ပဲ ဆံပင်ကို ကျစ်ဆံမြီး ၂ဘက် ခပ်မြန်မြန် ခွဲကျစ်ဖြစ်သေးတယ်.. အင်း.. မဆိုးပါဘူး..လှသွားပီပေါ့.. ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်… high heel လေးစီးလိုက်ရင်တော့ perfect ပဲဆိုတဲ့စိတ်ကူးနဲ့ ဒေါက်ဖိနပ်ကိုစီးပြီး ရုံးကို အသည်းအသန်ပြေးရပါတယ်..

ရုံးအောက်ရောက်တော့ ၉း၁၅.. ခါတိုင်းလိုပဲ စားနေကျ breakfast ဖြစ်တဲ့ nasi lamek (မလေးအစားအစာ) ၀ယ်ဖို့ restaurant ထဲဝင်. Fridge ထဲ coke တစ်ဗူးဆွဲထုတ်.. ကျသင့်ငွေကိုရှင်းဖို့ ကောင်တာဘက်အလှည့် မျက်ဝန်းထဲမှာ ဖျတ်ခနဲတွေ့တာက စားပွဲဝိုင်းတွေမှာထိုင်နေသူတော်တော်များများက ကျွန်မကိုကြည့်နေတယ်ဆိုတာ..

စိတ်ထဲမှာ တစ်မျိုးတော့ဖြစ်သွားတယ်.. အင်း.. ခါတိုင်းလဲ ဒီလိုပါပဲလေ.. ကျွန်မကို လိုက်ကြည့်တတ်တဲ့သူတွေက အမြဲလိုလိုတွေ့နေရတာပါပဲ.. ကျွန်မကလှတာကိုး.(ဟဲ.ဟဲ.မယုံဘူးဆိုရင် ကျွန်မရဲ့ အရင်ရည်းစားဟောင်းတွေကိုမေးကြည့်ပါ.. သူတို့မှာကျွန်မနဲ့တွဲသွားတိုင်း အကြည့်ခံရလွန်းလို့ ကြိတ်ပြီး ကျေနပ်တဲ့သူတွေတောင်ရှိသေး :P)

ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်ပြီး စိတ်ထဲကနေတောင် ကြိတ်ပြီးပြုံးလိုက်သေးတယ်.. ပိုက်ဆံပြန်အမ်းဖို့အကြွေကို ကောင်တာက ကုလားက စိမ်ပြေနပြေတွက်နေတုန်း ကျွန်မလဲ စားပွဲဝိုင်းတွေဘက် တစ်ချက်ထပ်ကြည့်မိတော့ .. အင်.. တမျိုးပါလား.. အမျိုးသားတွေသာမဟုတ် အမျိုးသမီးတွေကလဲ ကြည့်နေကြတယ်.. ပြီးတော့ သူတို့မျက်နှာတွေက ပြုံးစိစိတွေနဲ့.. ဗုဒ္ဓေါ.. ဘာများဖြစ်နေလို့ပါလိမ့်.. မလုံမလဲနဲ့ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတော့..

အားလားလား.. ဘယ်ကလာတဲ့လေက ဘယ်လိုများအောက်ကနေပင့်တိုက်နေတယ်မသိဘူး… ကျွန်မစကပ်က လန်တက်နေတာ ပေါင်ရင်းနားတောင်ရောက်တော့မယ်..(မျက်လုံးထဲမှာမြင်မိတာက ဒေါက်ဖိနပ်တွေနဲ့ စကပ်လန်လန်နဲ့ ဘဲလေးအက ကတဲ့မိန်းမတွေကို) ..ဆိုးတာက ကျွန်မက အဲဒီအက ကနေတာလဲမဟုတ်.. လူအများရှေ့မှာ စကပ်လန်ပြီးအရှက်ကွဲနေတာ.. လန်ထွက်နေတယ်ဆိုတာအဲဒါမှအမှန်ပဲ.. လေတာပေါ့..

ဟင့်.. ရှက်လဲရှက်.. မျက်နှာလဲ ပူပူနဲ့ ကြည့်နေတဲ့သူတွေကို မျက်စောင်းထိုး.. ကောင်တာကုလားကို ကြာလိုက်တာလို့အော်..သူကလဲ လန့်ဖြန့်ပြီး လက်ထဲကပိုက်ဆံကိုအတင်းပေး..ကျွန်မလဲပိုက်ဆံတောင်မတွက်တော့ဘဲ တစ်ခါတည်းဆိုင်ထဲကပြေးထွက်ပေါ့..

ဖြစ်ချင်တော့ ဆိုင်မှာ mop တိုက်ထားခါစ ကျောက်ပြားတွေက စိုပြီးချောနေတော့ ကျွန်မ slip ဖြစ်ပြီး လဲကျမလိုဖြစ်ပါရော.. သွားပါပြီ..တစ်ရှက်ကနှစ်ရှက်.. အလဲတော့မခံနိုင်ဘူး.. တွေ့ကရာကိုဖမ်းဆွဲမှဆိုတဲ့အသိနဲ့ မျက်လုံးထဲမှာ မြင်ရာကိုဖမ်းဆွဲတာပေါ့.. ကံကောင်းသွားပါတယ်.. ကျွန်မ ကြမ်းပေါ်ကိုလဲမကျသွားဘူး.. ဒါပေမယ့် ကျွန်မဆွဲလိုက်တဲ့ သူကတော့ ကျွန်မကို ပြီတီတီမျက်နှာ ခေါ်တောအကြည့်နဲ့ကြည့်နေလေရဲ့.. မုန်းစရာ.. သူ့ရုပ်ကြီးနဲ့များ.. ဟွန့်..

P.S >> ဒီနေ့မနက်တွေ့ကြုံရတဲ့အဖြစ်လေးကိုအပျင်းပြေပြန်ရေးမိလို့တင်လိုက်တာ.. ကျွန်မကြိုက်တဲ့ ကျွန်မရဲ့breakfast ဖြစ်တဲ့ nasi lamek ပုံလေးတွေပါတင်ထားလိုက်တယ်..အမှတ်တရပေါ့..



အဲဒါက ထမင်းကိုအုန်းနို့နည်းနည်းထည့်ချက်ထားတာပေါ့.. အုန်းထမင်းတော့မဟုတ်ပါဘူးလေ..ပြီးတော့ ကြက်ဥတစ်ခြမ်း.. ငရုပ်သီးအနှစ်နဲ့ ငါးနီတူခြောက်လေးငါးကောင်နဲ့ မြေပဲစေ့လေးတွေပါပါတယ်.. ငှက်ပြောဖက်နဲ့ ထုပ်ထားတယ်.မသိရင်တော့ မုန့်ဖက်ထုပ် ခပ်ကြီးကြီးပေါ့.. ကျွန်မအကြိုက်အစားအစာလေးပါပဲ..


ကျွန်မရဲ့လှတပတပုံလေးတွေတော့မတင်တော့ပါဘူးလေ.. :P