“Lonely im so lonely,
I have nobody,
To call my owwnnn”
ဆိုတဲ့ ဖုန်းမြည်သံကြောင့် နေကြာစေ့တွေတဖောက်ဖောက်ဝါးရင်း hostel II ကိုပြူးပြဲကြည့်နေတဲ့ကျွန်မ စိတ်မရှည်စွာနဲ့ ကြည့်လိုက်တော့ သူငယ်ချင်း၁ယောက်ဆီကဖုန်းဖြစ်နေတယ်…
“ဟဲလို..”
“ဟဲ့..သဇင်မ.. အိပ်ချင်မူးတူးအသံနဲ့ပဲတသက်လုံးဖုန်းထူးတော့မှာလား…”
“ဘာဖြစ်လဲ..နင့်အပူပါလား..ငါမအားဘူးနော်.. တီဗွီကြည့်နေတယ်…”
"အေးဆေးပေါ့ဟ..နောက်မှကြည့်လဲရတာပဲ..”
“အပိုတွေလာမပြောနဲ့..ငါနင့်ကိုမကြိုက်ဘူးလို့ပြောပီးသားနော်.. လာမကျူနဲ့…”
“ဟား ..ဟား..ဟား..အေးပါဟာ..ခုမကျူဘူး..နောက်မှ”
"သေလိုက်လေ..အရူး..ရူးသွပ်နေတယ်..”
"အေးပါ..သေမယ်..အခုတော့မဟုတ်ဘူး..နောက်မှ.”.
"နေဦးဟ..နင်လုပ်တာနဲ့ပြောမယ့်ကိစ္စမေ့တော့မယ်…”
“ဘာလဲ.. ဘာလဲ..မြန်မြန်ပြော..”
"အေး..ဒီလိုဟ..ဒီညနေ ၅ နာရီနဲ့ ၇ နာရီကြားမှာ နင်ခြောက်ခြားတာ တခုကြုံရလိမ့်မယ်…”
“သွားသေလိုက်လေ.. အပိုတွေလာမပြောနဲ့“
“တကယ်အကောင်းကြီးပြောနေတာ.. မယုံရင်စောင့်ကြည့်နေ..”
“လုံးဝပဲ.. ဒါပဲ..ဒါပဲ.. အလကား..ငရူပ်ကောင်…"
စိတ်တိုတိုနဲ့ ဖုန်းပိတ်ပြီး တီဗွီဆက်ကြည့်နေလိုက်တယ်..ကြောက်စရာကြီး.. ဇာတ်လမ်းကြီးက.. ပီးအောင်တောင်မကြည့်ရဲတော့ဘူး..
ထုံးစံအတိုင်းကြောက်ကြောက်နဲ့ ကြည့်ရင်းပဲ အိပ်ပျော်သွားပြန်တယ်..
နိုးလာတော့ ညနေတောင်စောင်းနေပီပဲ.. ၆နာရီကျော်နေပီ.. ဘာမဆိုင်ညာမဆိုင် ဟိုကောင်ပြောတာကိုသွားသတိရတယ်.. ခြောက်ခြားစရာကြုံမယ်ဆိုပဲ.. ကြောက်သလိုလိုတော့ ဖြစ်သွားတယ်.. ရေတစ်ခွက်သောက်ပီး အိပ်ယာပေါ်ပြန်မှောက်အိပ်လိုက်တယ်.. ဘေးနားကို “ဘုတ်” ခနဲ အသံနဲ့ တစုံတခုပြုတ်ကျသံကြောင့် တော်တော်လန့်ပြီး ကြည့်လိုက်တော့ အိမ်မြှောင်၂ကောင်.. အချစ်စမ်းကြတာပဲလား.. ရန်ဖြစ်ကြတာပဲလားမသိ.. အောက်တောင်ပြုတ်ကျအောင် ကမြင်းကြတယ်.. ဟွန့်.. လူကိုလန့်အောင်လုပ်တဲ့ကောင်တွေကို လန့်အောင်ပြန်လုပ်လိုက်တယ်.. “ဘုန်း.. ဘုန်း..” ဆိုပီး မွေ့ယာကိုထုလိုက်တာ.. ၂ကောင်သားပြေးလိုက်ကြတာ… “ဟား ..ဟား..ဟား..” တယောက်တည်းအော်ရယ်လိုက်တယ်..
အင်း..ဟိုကောင်..အရူးကောင်ကိုဖုန်းဆက်ရင်ကောင်းမလားစိတ်ကူးတုန်းရှိသေးတယ်..
“Lonely im so lonely,
I have nobody,
To call my owwnnn”
“ဘာတုန်း..”
“ဘယ်လိုလဲ…ခြောက်ခြားတာကြုံလိုက်တယ်မဟုတ်လား”
"သေလိုက်လေ.. ဘာမှမကြုံဘူး..”
“အာ..နင်ကတော်၂တုံးတာပဲ… နင်ကြုံပါတယ်ဟာ”
“ဘာလဲဟ..ဘာမှမကြုံဘူး…”
“နင်ကတော့လေ.. သဇင်မရယ်…ကဲ..ပြော. ၅ နာရီနဲ့ ၇ နာ၇ီကြားမှာ ဘာခြားနေလဲ..”
“၅ နာ၇ီနဲ့ ၇ နာရီကြားမှာ.. အင်း..၆နာရီလေ.. အရူး..မသိဘူးလား..”
"အေးလေ..အဲဒါပေါ့ဟ..ငါပြောတယ်လေ..ခြောက်ခြားပါတယ်လို့.. ဟား ..ဟား..ဟား”
“အရူးကောင်… အစုတ်ပလုတ်ကောင်.. x x x x x x x x x x”
(2008 january ကတင်ခဲ့ဘူးတဲ့ပို့စ်တစ်ခုပါ.. အခုသူငယ်ချင်းကိုသတိရမိတာနဲ့ ဒီပို့စ်ကို ပြန်တင်ဖြစ်ပါတယ်)