iTs mY bIrThDaY!!!

ဂျူလိုင်၂၅ရက်နေ့..
ကျွန်မမွေးနေ့ပါ.. ဘယ်သူနဲ့မှလဲမတွေ့ဖြစ်သလို ဘာလက်ဆောင်မှလည်း မရပါဘူး..
လေတာပေါ့လို့...

လွန်ခဲ့တဲ့နှစ်တွေကတော့ သူငယ်ချင်းတွေနဲ့ မွေးနေ့ကိုဆင်နွှဲဖြစ်တယ်...
၂၄ရက်အကုန်.. ၂၅ရက်နေ့ကိုဝင်မယ့်.. ၁၂နာရီနောက်ပိုင်းကိုစောင့်ရတာလည်းအမော...

ဘော်တကဲတွေရဲ့ဖုန်းတွေ..မတ်စိတွေကလည်း လက်တောင်မလည်...
တချို့နှစ်တွေက ပျော်ပျော်ပါးပါး မော်တော်ကားနဲ့.. ကဲကြကွဲကြပေါ့..
အမှတ်တရမဖြစ်ဖြစ်အောင် ဖန်တီးမိခဲ့တဲ့ မွေးနေ့တွေလည်းရှိခဲ့တာပဲ

ဒီနှစ်..အခုတော့ ကွန်ပူတာရှေ့မှာတစ်ယောက်တည်း..
ဖုန်းဆက်မယ့်သူလည်းမရှိ... မက်စိပို့မယ်သူလည်းမရှိ...လေတာပေါ့လို့
ဘယ်ရမလဲ..Gtalk custom message မှာ.. iTs mY birThdAy ဆိုပီး status ကြီးတင်..
အွန်လိုင်းမှာတွေ့သမျှသယ်ရင်းတွေကို ဒီနေ့ငါ့မွေးနေ့ဟ ဆိုပီး ပွားရတာပေါ့...
ဆုတောင်းတွေတော့ရတယ်.. တစ်ပြုတ်..နှစ်ပြုတ်...

ဒါလဲစတိုင်လ်တမျိုးနဲ့ငါ့မွေးနေ့ပေါ့ဟယ်လို့ တွေးမိသလို...
ဘာဖြစ်လဲကွာ... ဒါလဲအမှတ်တရတခုပေါ့လို့ ဖြေတွေးလိုက်ပါတယ်...
ရေဆာလိုက်တာ.. ဗိုက်ကလဲဆာသလိုပဲဟယ်လို့ တစ်ယောက်တည်းညည်းတွားပြီး အခန်းပြင်ထွက်
ရေခဲသေတ္တာထဲကရေပုလင်းကို ယူတုန်းရှိသေး...

ရုတ်တရက်လျှပ်စစ်မီးက ငြိမ်းသွားပါလေရော...
ဖလားဖလား..မှောင်အတိနဲ့.. ကိုယ့်နားရွက်တောင် ကိုယ်မမြင်ရတော့ဘူး... ဒွတ်ခပါပဲ
ကျွန်မကအမှောင်ဆို တအားကြီးကိုကြောက်တာ...
ဘာလုပ်ရင်ကောင်းမလဲစဉ်းစားတုန်းရှိသေး.. မီးကပြန်လင်းလာရော..

တော်သေးတယ်.. ရေသောက်မယ်ပြင်တုန်းရှိသေး
ဗြုန်းဆို "ငါမင်းကိုသတ်ချင်တယ်" ..ဆိုတဲ့ သီချင်းသံကြီးက အသံပြဲကြီးနဲ့ကြားရပါရော...
ဗုဒေါ... ငါလဲမဖွင့်ရပါလား.. အိမ်မှာလည်းငါတစ်ယောက်တည်းပါ..
အပြေးအလွှားနဲ့ ကွန်ပူတာကိုကြည့်တော့ ဘာသီချင်းမှမရှိသလို ဘာသံမှလည်းမကြားရတော့ပြန်ဘူး..

အရှေ့ခန်းက ချောင်းဟန့်သံကြားလိုက်ရတယ်.. ဘူလဲဆိုပြီး သွားကြည့်ရပြန်ေ၇ာ..
ရော်.. ခက်ပြီ... ဒီနေ့ဒီအိမ်မှာ ငါတစ်ယောက်တည်းလေ.. သွားပြီ။။
ဒါဆိုရင်တော့ သေချာတယ်.. တရဲ.. ချွေးပြန်လာတုန်းရှိသေးတယ်...
မျက်နှာကျက်ပေါ်ကနေ အသံတစ်ခုကြားရတယ်..
တဒုန်းဒုန်းနဲ့.. ကြောက်ကြောက်လန့်လန့်နဲ့မော့ကြည့်မိတော့...

ပိုးဟပ်တစ်ကောင်.. သူ့နူတ်ခမ်းမွှေးတွေက ကျွန်မရှေ့ကကြမ်းပေါ်အထိ တွဲလောင်းကြီးကျလို့

ကြိုး

ဘ၀နှင့်ငါ တစ်ယောက်ကို တစ်ယောက်ကျေအေးလိုက်ပြီ.. အပြန်အလှန်ဒုက္ခပေးစရာမလို.. အပြစ်တင်စရာမလို.. တစ်ယောက်ကိုတစ်ယောက်နာကျင်စေဖို့လည်း မလိုတော့ဘူး.

ကမ္ဘာလောကမှာ တွယ်ငြိစရာကောင်းသောအရာ၊ လှပသောအရာ၊ အဖိုးထိုက်တန်သောအရာများစွာရှိသည်.. ထို့အတူလူတစ်ယောက် မွေးဖွားသည်မှ အစပြုပြီး ကြီးပြင်းအိုမင်းသည်အထိ သူ့ပတ်ဝန်းကျင်မှာ တွေ့ဆုံတွယ်တာရသော ချစ်ခင်သူမိတ်ဆွေ ရဲဘော်တွေလည်း မရေတွက်နိုင်အောင်ရှိသည်..
ထို့ကြောင့်ပင် ကမ္ဘာာလောကကို ထိုလူသည် တွယ်ငြိစွာဆုပ်ကိုင် လိုစိတ်တွေများလိမ့်မည်ဟု ကျွန်မထင်ခဲ့သည်..

လူတွေသည် သူတို့မြတ်နိုးတွယ်တာသော သက်ရှိသက်မဲ့အရာတို့မှ ခွဲခွာပြီး သေဆုံးပျောက်ကွယ်သွားဖို့ တော်တော်ထိတ်လန့်တုန်လုပ်ကြမည်ထင်ခဲ့၏..
သို့သော်တစ်ခါတရံမှာ လောကသည် ကျွန်မထင်သလောက် ရိုးစင်းသည့်ပြဌာန်းစာအုပ်မဖြစ်ခဲ့သောကြောင့် အံ့သြစရာ၊ နားမလည်နိုင်စရာ အဖြစ်အပျက်များစွာကို လောကထံမှ သင်ယူနားလည်နေရဆဲဖြစ်သည်..

လူတယောက်လောကထဲမှ ထွက်ခွာမသွားနိုင်လောက်အောင် သူ့ကိုလောကနှင့် သို့မဟုတ် ဘ၀နှင့်ရစ်ငင်ချည်နှောင်ထားသည့် ကြိုးတွေအများကြီးရှိလိမ့်မည်ဆိုသည့် အတွေးသည် ကျွန်မအသက်အရွယ်ရလာသည့်အခါ တဖြည်းဖြည်းေ၀၀ါးစပြုလာပြီ.

တခါတခါကြိုးဟုထင်ထားသောအရာတွေသည် ကြိုးများမဟုတ်ကြ.. အနည်းငယ်မျှပင် ရစ်ချည်နှောင်ဖွဲ့မပေးနိုင်ကြ…

ကျွန်မသည်မည်သူ့အတွက် ကြိုးတစ်ချောင်း ဖြစ်နိုင်လေမလဲ… မည်သူနှင့်လောကကို ခိုင်မြဲအောင်ကျွန်မကြောင့် ရစ်ပတ်ဖွဲ့နှောင်ထားမိနေပြီလဲ..
ကျွန်မ မကြာခဏတွေးပြီး ဘယ်တော့မှ အဖြေမသေချာသေးပါ..

(စာရေးဆရာမ ဂျူး၏ လူနှင့်ကြိုး(၀တ္ထုတို)မှ စာသားတစ်ချို့တစ်ဝက်ဖြစ်ပါသည်)